အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး ထောင်ချီဆန္ဒပြ

နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်ခံရသူ အသက် နှစ်အရွယ် မူကြိုကျောင်းသူ ကလေးငယ် ဗစ်တိုးရီးယားအတွက် ပြည်သူများက ဇူလိုင်လ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကျောက်တော်ကြီးဘုရားရှေ့ တွင်စတင်စုဝေးပြီး အင်းစိန်ရှိ မှုခင်းရဲတပ်ဖွဲ့ CID ရုံးရှေ့အထိ ဆန္ဒပြခဲ့ကြသည်။ လူဦးရေထောင်ပေါင်းများစွာပါဝင်သည့် ဆန္ဒပြသူများသည် သက်ငယ်မုဒိမ်းမှုများ ထပ်မံမဖြစ်ပွားစေရေး ဗစ်တိုးရီးယားအမှုအတွက် တရားမျှတမှုရရှိရေး တို့အတွက် ဟစ်ကြွေးသံများနှင့်အတူ ချီတက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လက်ရှိတွင် အဆိုပါကျောင်းမှ အသက် ၃၀ အရွယ် ယာဉ်မောင်း ကိုအောင်ကြီးဆိုသူကို ရဲက ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ နေပြည်တော်အကျဉ်းထောင်တွင် ချုပ်ထားသည်။ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲချုပ်ရှင်းပြသွားသည့် လက်ရှိအမှုတည်ဆောက်ပုံကို မကျေနပ်သည့် ပြည်သူတို့သည် လူမှုကွန်ရက်ပေါ်တွင် ပြင်းထန်စွာဝေဖန်လျက်ရှိကြသည်။ ကိုအောင်ကြီးသည် ဗစ်တိုးရီးယားကို ကျူးလွန်သူဖြစ်သည်ဆိုသော အချက်ကို ပြည်သူအများစုက မယုံမကြည်ဖြစ်ကာ တရားခံအစစ်ကို ဖော်ထုတ်ပေးရေးအတွက် တောင်းဆိုလျက်ရှိကြသည်။

[youtube https://youtu.be/7BUzoy9G1Ic]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button