အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လမ်းတံတားဥပဒေနှင့် တရားစွဲခံထားရသော အောင်သပြေရွာသား ၃ ဦးကို ထောင်ဒဏ်ချမှတ်

လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် ယမန်နှစ်ကအမှုဖွင့် ဖမ်းဆီးထားသည့် အောင်သပြေကျေးရွာမှ ဒေသခံ ၃ ဦးကို ယနေ့ပုသိမ်ကြီးမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ်နှင့် ၂ လ ချမှတ်ခဲ့သည်။

“ကျွန်မတို့ကို မတရားဖမ်းဆီးပြီး အခုထောင်ဒဏ် ၁၄ လ ချပါတယ်။ ကျွန်မတို့မြေတွေလည်း သိမ်းခံရသေးတယ်။ ကျွန်မတို့ကိုလည်း ထောင်ချသေးတယ်။ လုံးဝမတရားပါဘူး”ဟု အမိန့်ချအပြီး အောင်သပြေကျေးရွာမှ ဒေသခံဒေါ်မြမြက မီဒီယာများကို ပြောကြားသည်။

အဆိုပါအမိန့်နှင့်ပတ်သက်ပြီး ဥပဒေဆောင်ရွက်မှုမှာ တရားလို၏ ရုံးတွင်းထွက်ဆိုချက်များအရသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တစ်ဖက်စောင်းနင်းဖြစ်နေကြောင်း၊ တောင်သူများဘက်မှ နစ်နာမှုများ ပေါ်ပေါက်နေကြောင်း ဖမ်းဆီးခံ ဒေသခံများဘက်မှ လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူကပြောသည်။

“ဒီအမှုမှာ လယ်ဆည်ဝန်ကြီးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို  အမှုတွဲမှာ အမှန်တရား ပေါ်ပေါက်ရေးအတွက် စစ်ဆေးမှုမပြုခဲ့ရဘူး။ မပြုခဲ့ရတဲ့အနေအထားတစ်ခုမှာ ဒီအမိန့်ဟာ တစ်ဖက်စောင်းနင်း ဖြစ်နေတယ်လို့ ပြောချင်တယ်” ဟု ၎င်းကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ ဒေသခံများကို လမ်းတံတားဥပဒေ ပုဒ်မ ၂၂ အရ ထောင်ဒဏ် တစ်နှစ်၊ လမ်းတံတားဥပဒေ ၂၃ အရ ထောင်ဒဏ် ၂ လ တရားရုံးက သီးခြားစီချမှတ်ခဲ့ခြင်းမှာ တစ်နေ့တည်းတစ်ချိန်တည်းတွင် ဖြစ်သည့်အမှုကို ယခုကဲ့သို့ ခွဲပြီးအမိန့်ချခြင်းအတွက် တရားမျှတမှုမရှိဘဲ၊ အယူခံတက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မြေတွေလည်း မတရားယူခံရတယ်။ သီးနှံတွေလည်း ဖျက်ဆီးခံရတယ်။ အခု တရားရင်ဆိုင်နေရချိန်မှာလည်း တအားခက်ခဲတယ်။ တရားမျှတမှုမရှိဘူးလို့ ပြောချင်တယ်” ဟု ဖမ်းဆီးခံ အောင်သပြေရွာမှ ဒေါ်မြမြသမီး မနှင်းနှင်းဝေက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် အသက်(၇၀)ကျော်အရွယ် ဒေါ်အေး အပါအဝင် ဒေသခံ ၄ ဦးကို ပုဒ်မ ၂၂၊ ၂၃ တို့နှင့် လမ်းတံတားမှ ဒေါ်မင်းမင်းမြင့်က တရားလိုပြုလုပ်ကာ ယမန်နှစ်ပိုင်းက အမှုဖွင့်ဖမ်းဆီးထားခြင်းဖြစ်သည်။

အသက်၇၀ကျော်အရွယ် ဒေါ်အေးကမူ ကျန်းမာရေးမကောင်းသည့်အတွက် အာမခံဖြင့် အမှုရင်ဆိုင်ခဲ့ရပြီး ရုံးချိန်းများ ပျက်ကွက်ခဲ့သဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။ ယနေ့တွင် ကျန်တရားခံ ၃ ဦးကို အမိန့်ချမှတ်ခဲ့သော်လည်း ဒေါ်အေးကိုမူ ဝရမ်းထုတ်ထားဆဲဖြစ်သည်။

၎င်းသည် အိုးဘိုထောင်အတွင်း အငြင်းပွားဖွယ် သေဆုံးသွားသည့် ကိုထွန်းမြင့်ဝင်း၏ အမေလည်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button