သတင်း

အောင်သပြေရာအိမ်မှူးကို ပုဒ်မ ၅၀၅(ခ) အတွက် ထောင်တစ်နှစ်ချ

ပုဒ်မ ၇ ခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော အောင်သပြေကျေးရွာမှ ရာအိမ်မှူးကိုမိုးလင်းကို ယနေ့ (ဒီဇင်ဘာ ၂၇) ပုသိမ်ကြီးမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅() အတွက် အလုပ်နှင့် ထောင်ဒဏ် နှစ် ကျခံစေရန် အမိန့်ချလိုက်သည်။

ကိုမိုးလင်းမှာ မေလ ၁၅ ရက်နေ့က အောင်သပြေကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့က တွေ့ဆုံညှိနှိုင်းလိုကြောင်း အကြောင်းကြားခဲ့သည့်အတွက် သွားရောက်ရာမှ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်း၏ဇနီးက ဇွန်လအတွင်းက MyanmarNow ကိုပြောသည်။

ယနေ့အမိန့်နှင့် ပတ်သက်ပြီး ရာအိမ်မှူးကိုမိုးလင်းကကျွန်တော် နိုင်ငံတော်အကြည်ညိုပျက်အောင် မလုပ်ခဲ့ပါဘူး။ ရာအိမ်မှူးတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဝင်ရောက်ဖျန်ဖြေမှုကိုပဲ ဆောင်ရွက်လိုက်တာပါဟု ပြောသည်။

အဆိုပါ အမိန့်နှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိသည့်အတွက် အထက်ရုံးသို့ အယူခံတက်သွားမည်ဖြစ်ကြောင်း အောင်သပြေရွာသားများဘက်မှ လိုက်ပါကူညီပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောသည်

ကိုမိုးလင်းမှာ လက်ရှိတွင် ပုဒ်မ ၄၃၆ (မီးရှို့မှု) ၊ပုဒ်မ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၅၃ (ပြည်သူ့ဝန်ထမ်းကို နှောင့်ယှက်ဟန့်တားမှု) ပုဒ်မ ၃၃၂(ပြည်သူ့ဝန်ထမ်းကို သာမန်ဒဏ်ရာရအောင်ပြုမှု) ပုဒ်မ ၃၃၃(ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု) ပုဒ်မ ၁၁၄(အားပေးကူညီမှု) တို့ဖြင့် ဆက်လက်တရားရင်ဆိုင်နေရသည်။

အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့ကျေးရွာနှင့်ကပ်လျက် လာရောက်အကောင်အထည်ဖော်နေသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။

မေလ ၁၄ရက်နေ့တွင် စက်ရုံ၏ ယာဉ်၊ ယန္တရားများ အသွားအလာပြုလုပ်နေသည့် လမ်းကို ပိတ်ဆို့တားဆီးခဲ့ကြရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ သတင်းထောက်တစ်ဦးအပါအဝင် ရွာသားအချို့ ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် ရွာသားတို့က ကုမ္ပဏီဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ပြီး၊ ယာဉ်များမှ မှန်များလည်း ဖျက်ဆီးခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရွာသူရွာသားများနှင့်အတူ ရာအိမ်မှူး ကိုမိုးလင်းမှာ တရားစွဲဆိုခံရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button