အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုင်းလားတွင် မူးယစ်ဆေးဝါး စိုက်ပျိုး၊ထုတ်လုပ်မှု မရှိတော့ဟု မိုင်းလားအဖွဲ့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ () မိုင်းလားတွင် မူးယစ်ဆေးဝါး စိုက်ပျိုး၊ထုတ်လုပ်မှု မရှိတော့ကြောင်း မိုင်းလားအဖွဲ့၏ တရားရေးရာကော်မတီ ဌာနကြီးမှူး ဦးကြယ်ဂေါင်က ယနေ့ (ဇွန်လ ၂၆ရက်) မိုင်းလားတွင်ပြုလုပ်သည့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှုအခမ်းအနားတွင် ပြောသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့နှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါး ဘိန်းဖြူ၊ ဘိန်းမဲ၊ Ice ခရစ်စတယ်၊ ခါခူး စသည့် မူးယစ်ဆေး ၁၀၀၀ ကီလိုဂရမ်ကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုက လုံးဝမရှိတော့ဘူးလို့ ပြောလို့ရတာပေါ့ အာမခံလို့ရတာပေါ့ ဟု ဦးကြယ်ဂေါင်က ပြောသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများနှင့် နိုင်ငံတကာ၏အာရုံစိုက်မှုကို ခံနေရသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသနှင့် ကပ်လျက်တွင် မိုင်းလားဒေသ တည်ရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ စစ်ဆောင်ပန်းနားပြည်နယ်ခွဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေပြီး မိုင်းလားဒေသဥပဒေအရ မူးယစ်ဆေးဝါး ပမာဏအမြောက်အမြား ရောင်းဝယ်ဖောက်ကားသူများကို သေဒဏ်အထိ အရေးယူကြောင်း မိုင်းလားအဖွဲ့ထံမှ သိရသည်။

မိုင်းလားဒေသသည် ရှားပါး တောရိုင်းတိရစ္ဆာန်များ၏ ခန္စာကိုယ်အစိတ်အပိုင်းများကို ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်တစ်ခုအဖြစ်လည်း နာမည်ကြီးခဲ့သည်။

မိုင်းလားအဖွဲ့ဟု လူသိများသည့် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော်(NDAA)သည် ၂၀၁၁ ခုနှစ်တွင် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ထိုးထားခြင်း မရှိသေးသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ထို့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မိုင်းလားအဖွဲ့၏ခေါင်းဆောင် ဦးစိုင်းလင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့  ၂၀၁၂ ခုနှစ် အတွင်းက သဘောတူညီချက် ရယူထားကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button