သတင်း

မကရင်မအမှုရုပ်သိမ်းလွှာ တရားရုံးလက်ခံဆောင်ရွက်မည် မဟုတ်ဘဲ အမှုဆက်စစ်မည်

တပ်မတော်အရာရှိ၏ ဇနီးက နှိပ်စက်သဖြင့် အိမ်အကူမရင်မ သေဆုံးသည်ဆိုကာ တရားစွဲဆိုထားမှုကို ပြန်ရုပ်သိမ်းခွင့်ပြုပါရန် သေဆုံးသူ၏ မိခင်ဒေါ်လှလှဝင်းလျှောက်ထားမှုကို တရားရုံးက လက်ခံဆောင်ရွက်မည် မဟုတ်ဘဲ အမှုဆက်စစ်မည်ဖြစ်ကြောင်း ယနေ့ (ဇွန်လ ၁၈) ရုံးချိန်းတွင် တောင်ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ်လိုက်သည်။

အိမ်ကူ၏မိခင်ဖြစ်သူ ဒေါ်လှလှဝင်း၏ ရုပ်သိမ်းလွှာကို တရားရုံးက လက်ခံထားရှိခြင်းမရှိသလို ဆုံးဖြတ်ရန်လည်း တာဝန်မရှိကြောင်း၊ ယင်းရုပ်သိမ်းလွှာမှာ ဥပဒေရုံးကို တင်ထားခြင်းသာဖြစ်ပြီး တရားရုံးကို မေလ ၂၈ ရက်နေ့ရုံးချိန်းတွင် ပေးခဲ့ခြင်းသာဖြစ်ကာ တင်ခဲ့ခြင်း မဟုတ်ကြောင်း၊ တရားရုံးကလည်း ယူထားခြင်းသာဖြစ်ပြီး လက်ခံထားခြင်း မဟုတ်ကြောင်း တရားသူကြီးက ဆိုသည်။

တပ်မတော်အရာရှိ ဦးသန့်ဇော်ဦး၏ ဇနီးဖြစ်သူ မသိင်္ဂီစုက နှိပ်စက်သဖြင့် အိမ်အကူ သေဆုံးသည်ဆိုကာ တရားစွဲဆိုထားမှုကို ပြန်ရုပ်သိမ်းခွင့်ပြုပါရန် အိမ်အကူ၏ မိခင်ဖြစ်သူ ဒေါ်လှလှဝင်းက တောင်ပိုင်းခရိုင်တရားရုံးတွင် ပြီးခဲ့သည့် ရုံးချိန်း (မေလ ၂၈ရက်နေ့) ပေးခဲ့ခြင်းဖြစ်သည်။

တင်တဲ့ ရုပ်သိမ်းလွှာသည် မကရင်မရဲ့မိခင်ကတင်တာ တရားလို ဦးအေးသောင်းကတင်တာ မဟုတ်ဘူး၊ မကရင်မရဲ့မိခင်တင်တယ်၊ တင်တော့လည်း တရားရုံးကိုတင်တာမဟုတ်ဘူး၊ တရားစွဲအဖွဲ့အစည်းလို့ခေါ်တဲ့ ဥပဒေရုံးကိုတင်တာ ဥပဒေရုံးကိုလာတင်တဲ့အခါ ဥပဒေရုံးကလည်း ဥပဒေအရ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲ တပ်ဖွဲ့ကို ပို့ပေးရတယ်၊ ပို့ပေးရတော့ တရားစွဲအဖွဲ့အစည်းကနေပြီးတော့မှ ဒီရုပ်သိမ်းလွှာ နဲ့ပတ်သက်ပြီးတော့ သူတို့ လက်ခံရန် အကြောင်းမရှိဘူးလို့ ငြင်းပယ်လိုက်တယ်။ အဲ့တော့ တရားရုံးကိုရောက်ရှိလာခြင်း မရှိသော ရုပ်သိမ်းလွှာနဲ့ပတ်သက်ပြီးတော့ တရားရုံးသည် အမိန့်ချရန် တစ်စုံတစ်ရာမရှိဘူးဆိုတာကို အားလုံးကိုသိအောင် ရှင်းပြတယ် ဟု မကရင်မ၏ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ရှင်းပြသည်။

တရားရုံးက စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစုကို ရှေ့နေထပ်ငှားရန် ရုံးချိန်း ၂ ပတ်အချိန်ပေးလိုက်ပြီး ဇူလိုင်လ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန် ပြန်လည်ချိန်းဆိုလိုက်သည်။

ဒေါ်လှလှဝင်းက ၎င်း၏ သမီးသည် ခိုးတတ်သူ တစ်ဦးဖြစ်ကြောင်း၊ ၎င်း၏ သမီးကို ဒေါ်သိင်္ဂီစုက နှိပ်စက်သည်ဆိုခြင်းမှာ မတရားစွပ်စွဲချက်ဖြစ်ကြောင်း ဒေါ်သိင်္ဂီစုက သူ့သမီးကို နှိပ်စက်သည်ဆိုခြင်းကို မယုံကြည်ကြောင်းနှင့် ဒေါ်သိင်္ဂီစုကို လေးစားကြောင်းလည်း မေလ ၂၈ ရက်နေ့ရုံးချိန်းတွင် တောင်ပိုင်းခရိုင်တရားရုံး၌ ထွက်ဆိုခဲ့သည်။

အမှု ရုပ်သိမ်းရသည့် အကြောင်းရင်းကို မီဒီယာများက မေးမြန်းရာတွင် ဖြေကြားရန် ငြင်းဆန်ပြီး ၎င်းသည် မည်သည့်ဘက်ကမျှ ငွေကြေး တစ်စုံတစ်ရာ မရရှိထားကြောင်း ပြောဆိုခဲ့သည်။

၂၀၁၈ ခုနစ် မေလ ၁၉ ရက်က တွံတေးမြို့နယ် ခတ္ထိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ မကရင်မ၏ နေအိမ်သို့ ၎င်း၏ ပိုလျှံလစာ ကျပ် ၁၈၀,၀၀၀ နှင့်အတူ ပြန်ပို့ပြီးနောက် နာရီခန့် အကြာတွင် မကရင်မ သေဆုံးခြင်းဖြစ်ကြောင်း ရာအိမ်မှူးက ထွက်ဆိုထားသည်။

မကရင်မ မသေဆုံးမီ ဆေးရုံပို့ပေးရန် တောင်းဆိုပြီး အိမ်ရှင် အမျိုးသမီးက ၎င်းကို ဆွဲကြိုး ခိုးသည်ဆိုကာ နှိပ်စက်သည်ဟု ပြောကြားကြောင်း တရားလို ရာအိမ်မှူးက ထွက်ဆိုထားသည်။ မကရင်မသည် လွန်ခဲ့သော လေးနှစ်က ခင်ပွန်းသေဆုံးပြီးနောက် စီးပွားရေး မပြေလည်သဖြင့် အိမ်အကူ လုပ်ကိုင်ပြီး သေဆုံးခဲ့ရာ ဆယ်ကျော်သက်အရွယ် သား တစ်ဦး၊ သမီးသုံးဦး ကျန်ရစ်ခဲ့ သည်။

ဒေါ်သိင်္ဂီစုသည် ပဲခူးခရိုင်၊ ဥပဒေအရာရှိ၊ အဆင့် () ဒုဦးစီးမှူး ဖြစ်ပြီး မဟာဥပဒေဘွဲ့ ရရှိထားသူဖြစ်ကြောင်း တရားရုံးတွင် စစ်ဆေးမေးမြန်းချက်များအရ သိရသည်။ ဒေါ်သိင်္ဂီစု၏ ခင်ပွန်း ဦးသန့်ဇော်ဦးမှာ တပ်မတော်တွင် ဗိုလ်မှူးအဆင့် ရှိသူ ဖြစ်ပြီး လားရှိုးရှိ သံချပ်ကာတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းလည်း တရားရုံး၌ စစ်ဆေးချက်အရ သိရသည်။

Show More

Related Articles

Back to top button