သတင်း

မိုင်းရှင်းလင်းရေး သင်တန်းတွင် မိုင်းကွဲ၍ ရဲတပ်သား ၈ ဦး ဒဏ်ရာရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ယနေ့ (မေလ ၂၁ရက်နေ့) နံနက်တွင် မိုင်းရှင်းလင်းရေးသင်တန်း ပို့ချရာမှ မိုင်းကွဲပြီး ရဲတပ်သား ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုသည်။

အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ လေ့ကျင့်ရေးကွင်း၌ ရဲတပ်ဖွဲ့ဝင် သင်တန်းသား ၅၀ သည် လက်တွေ့သရုပ်ပြ သင်ကြားနေစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက သရုပ်ပြရင်း မိုင်းပေါ်သို့ မတော်တဆ တက်နင်းမိရာမှ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်က ရှင်းပြသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ရဲတပ်သား နေလင်းအောင်သည် ဝဲခြေချင်းဝတ်တွင် ပြင်းထန်ဒဏ်ရာရရှိကာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိပြီး အခြားရဲတပ်သားများမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

“ခြေထောက်ပြတ်သလားတော့ အတည်မပြုနိုင်သေးပါဘူး၊ ထိတာတော့ မှန်တယ်၊ ဖြတ်ပစ်ရဖို့အခြေအနေရှိလား ဆိုတာတော့ အခု ပါမောက္ခတွေနဲ့  တိုင်ပင်ပြီး ဆေးကုသဖို့ လုပ်နေပါတယ် ဟု ၎င်းက ပြောသည်။

မည်သို့ဖြစ်ပွားသည်ကို စစ်ဆေးနေပြီး မိုင်းအတုနှင့်အစစ် မှားယွင်းသုံးမိခြင်း ဟုတ်မဟုတ်ကို စစ်ဆေးနေကြောင်း ရဲမှူးက ရှင်းပြသည်။

အဆိုပါလေ့ကျင့်ရေး သင်တန်းသည် မေလ ၁၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်နေသည့် မိုင်းအမျိုးအစားနှင့် မိုင်းရှာဖွေ ရှင်းလင်းခြင်းသင်တန်း၊ မိုင်းထောင်ခြင်းနှင့် မိုင်းဖော်ခြင်းသင်ခန်းစာ လက်တွေ့သရုပ်ပြခြင်း သင်တန်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Related Articles

Back to top button