အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးတွင် မိုင်းနင်းမိပြီး ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ ထောင်ထားသည့်မိုင်း နင်းမိပြီး ကျေးရွာ ကာကွယ်ရေး အဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း Khin U Specialforce Organization-KSO မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်လင်းရောင်က ပြောသည်။ 

ယမန်နေ့ (နိုဝင်ဘာ ၁၈) နံနက်က ရေဦးမြို့၊ မူးမြစ်ကူးတံတားအရှေ့ဘက်မှ ခင်ဦးအနောက်ခြမ်းဘက်သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်၏ နောက်သို့ လိုက်လံကင်းထောက် သည့်  ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ မိုင်းနင်းမိကြခြင်း ဖြစ်သည်။

“မနက် ၈ နာရီလောက်မှာပဲဖြစ်သွားတာ။ ရေဦးကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနောက်ကိုလိုက်ရင်း ကိုယ့်မိုင်း ကိုယ်ပြန်နင်းမိတာ။ နောက်နှစ်ဦးက ဒဏ်ရာရသွားပါတယ်” ဟု သူက ပြောသည်။

ဒဏ်ရာရသူ ၂ ဦးအနက် တစ်ဦးမှာ ခြေထောက်ဖြတ်တောက်ရမည့်ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ၃ ဦးမှာ လူငယ်များဖြစ်ကာ တစ်ဦးမှာ လူကြီးပိုင်းအရွယ်ဖြစ်ကြောင်း သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကာကွယ်ရေးအဖွဲ့ဝင်များ မိုင်းနင်းမိသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် မသိရှိရသေးပေ။စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပြန်ခုခံသူများ ပေါ်ပေါက်လာသော စစ်ကိုင်းတိုင်းအတွင်း စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက မိုင်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည်။

စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက လက်လုပ်မိုင်းများ ထောင်ကာ တိုက်ခိုက်သလို စစ်တပ်ကလည်း ကျေးရွာများအတွင်း မိုင်းထောင်ထားခဲ့မှုများရှိသော ကြောင့် အပြန်အလှန် ထိခိုက်သေဆုံးမှုများ ဖြစ်ပွားနေသည်။

ပေါင်းလဲကုန်းကျေးရွာကို မီးလောင်ကျွမ်းနေသည်ကို နိုဝင်ဘာ ၁၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

စက်တင်ဘာလအတွင်းကလည်း ကောလင်းမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေစဉ် ထွက်ပြေးသည့် အရပ်သား ၃ ဦး စစ်တပ်ကိုထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့ရသည်။ 

ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ခန့်သည် ယမန်နေ့က နယ်မြေ ထိစပ် နေသော ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာပြီး ပေါင်းလဲကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ (နိုဝင်ဘာ ၁၉) တွင် ဆီဆုံလေးကျေးရွာနှင့် မဒေါင်းလှရွာတွင် အင်အားဖြန့် တပ်စွဲထားသည်။

လက်ရှိတွင် စည်ဆုံလေးဘုန်းတော်ကြီးကျောင်းဝင်းတွင် အင်အား ၆၀ နှင့် ကပ်လျက် မဒေါင်းလှရွာတွင် အင်အား ၄၀ ဖြန့်၍ တပ်စွဲထားပြီး စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဗိုလ်လင်းရောင်က ဆိုသည်။မီးရှို့ဖျက်ဆီးခံရသည့် ပေါင်းလဲကုန်းကျေးရွာမှ နေအိမ်အရေအတွက်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက စုံစမ်းနေဆဲ ဖြစ်သည်ဟု သိရသည်။ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဖြစ်သော အင်းပတ်၊ ရွာသစ်ကုန်း၊ ကုန်းသာ၊ မရမ်းအင်း၊ အောင်ချမ်းသာ၊ ဆည်ကြီး၊ ညောင်ပင်ခြံ၊ သဲကုန်းကြီး၊ အောင်သာ၊ အင်းပေါက်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ တပင်ကောင်း (တောင်)၊ တပင်ကောင်း (မြောက်)၊ မဏီ ကုန်း၊ ပေါင်းလဲကုန်း အစရှိသည့် ကျေးရွာ ၁၆ ရွာမှ ဒေသခံများမှာ စစ်ကြောင်း ဝင်လာမည် သတင်းရ၍  နိုဝင်ဘာ ၁၆ ရက် နံနက် ၆ နာရီခန့်မှစတင်၍  ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြသည်။

ခင်ဦးဒေသခံ ထောင်ချီ စစ်ရှောင်ရပြီး ကိုယ်ဝန်ဆောင်၊ မွေးကင်းစကလေးအရွယ်နှင့် သက်ကြီးရွယ်အိုများ ပါရှိသည်။

ခင်ဦးအနောက်ခြမ်းမှ စစ်ရှောင်များကို နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်ကြောင်းထိုးလာသည့် စစ်တပ်က ယမန်နေ့ကလည်း အသက် ၁၆ နှစ်အရွယ် ဒေသခံလူငယ်နှစ်ဦးနှင့် အသက် ၄၆ နှစ် အရွယ်တစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူငယ်နှစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တစ်ဦးကို ဆက်လက်ဖမ်း ဆီးထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းမှ ခင်ဦးမြို့နယ်သည် စစ်ကောင်စီကို အပြင်းထန်ဆုံးခုခံသည့် ဒေသများတွင် ထိပ်ဆုံးမှပါဝင်ပြီး ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြုစုထားသော စာရင်းအရ စစ်တပ်က ခင်ဦးမြို့နယ်မှ ကျေးရွာပေါင်း ၄၇ ရွာမှ လူနေအိမ် ၁၈၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကာလအတွင်း ခင်ဦးမြို့နယ်မှတိုက်ပွဲများတွင် ဒေသခံနှင့် တော်လှန်ရေးအဖွဲ့ဝင် ၂၁၈ဦး သေဆုံး၊ ဖမ်းဆီးခံရသူ ၁၄၃ဦးအထိ ရှိကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မှတ်တမ်းများအ ရ သိရသည်။

ခင်ဦးမြို့နယ်ကဲ့သို့ အလားတူပင် နိုဝင်ဘာ ၁၂မှ စတင်ကာ စစ်ကြောင်းထိုးနေ၍ ဝက််လက်မြို့နယ်မှ ဒေသခံများသည် စစ်ကောင်စီတပ်ဖွဲ့များ ရွာအတွင်း ဝင်ရောက်စီးနင်းမည့် သတင်းကြား၍ တနိုင်တပိုင် ပစ္စည်းများသယ်ကာ နွားလှည်း များဖြင့် ဘေးလွတ်ရာသို့ အသက်လု ထွက်ပြေးခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button