အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

Google ဝန်ဆောင်မှုများ ရယူအသုံးပြုခွင့် Huawei ကုမ္ပဏီပိတ်ပင်ခံရ

အမေရိကန်နည်းပညာကုမ္ပဏီကြီး Google က တရုတ်အီလက်ထရောနစ်နှင့် တယ်လီကွန်းကုမ္ပဏီ Huawei နှင့် ဆက်အလုပ်မလုပ်တော့ရန် ဆုံးဖြတ်လိုက်ပေရာ အဆိုပါ တရုတ်ကော်ပိုရေးရှင်းကြီးအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ရပ် ဖြစ်သွားပြီဟု နည်းပညာသတင်းစာမျက်နှာများစွာက အတည်ပြုထားသည်။

နောက်ဆက်တွဲအနေဖြင့် Huawei က အသစ်ထွက်လာမည့် စမတ်ဖုန်းများတွင် Google apps များကို အသုံးပြုခွင့် ဆုံးရှုံးတော့မည်ဟု BBC သတင်းက အတည်ပြုထားသည်။

အမေရိကန်ကုမ္ပဏီများ အလုပ်တွဲမလုပ်ရမည့် စာရင်းထဲသို့ Huawei ကို သမ္မတထရမ့်အစိုးရက ထည့်လိုက်ပြီး နောက်ဆက်တွဲတွင် Google အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Google က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကာ အဆိုပါကြေညာချက်ထဲတွင် အစိုးရသတ်မှတ်ချက်ကို လိုက်နာမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်များကို ပြန်လည်ဆန်းစစ်နေပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ Huawei က မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။

Google က ပေးအပ်သည့် အင်တာနက်လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်မှုများ၊ နည်းပညာပံ့ပိုးမှုများကို Huawei က ရတော့မည် မဟုတ်ပေရာ အသစ်ထွက်လာမည့် Huawei စမတ်ဖုန်းများတွင် YouTube နှင့် Google apps များ အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

ဆောင်းပါးဖတ်ရှုရန်

လက်ရှိသုံးနေသူများကို ထိခိုက်မည်တော့မဟုတ်ပေ။ လက်ရှိအသုံးပြုသူများအနေဖြင့် apps များကို update လုပ် အဆင့်မြှင့်ခြင်းကို ဆက်လုပ်နိုင်မည်ဖြစ်ကာ၊ Google Play ကဲ့သို့သော ဝန်ဆောင်မှုများကို ရရှိဦးမည် ဖြစ်သည်။

အကယ်၍ Google က Andriod အသစ်ထုတ်ခဲ့လျှင် Huawei အနေဖြင့် အဆိုပါ OS စနစ်ကို ရယူနိုင်တော့မည် မဟုတ်ပေ။ Open source လိုင်စင်ကိုတော့ Huawei က ဆက်သုံးနေနိုင်မည်ဖြစ်သည်။

Google ယခုဆုံးဖြတ်ချက်ကြောင့် Huawei စီးပွားရေးမျက်နှာစာတွင် ကြီးစွာသော သက်ရောက်မှုများ ရှိသွားမည်ဖြစ်ကြောင်း CCS အတိုင်ပင်ခံကုမ္ပဏီမှ သုံးသပ်သူ ဘန်ဝုဒ်က ဆိုသည်။

Huawei သည် ၎င်း၏ 5G ကွန်ရက်၊ မိုဘိုင်းကိရိယာများမှတစ်ဆင့် စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်မည်ကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများက စိုးရိမ်တကြီး စောင့်ကြည့်လျက်ရှိသည်။

Huawei က ၎င်းသည် တရုတ်အစိုးရနှင့် မပတ်သက်ပါကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားခဲ့သည်။

Ref: BBC

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button