အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နှစ်ပတ်ကျော် တပ်က ပိတ်ဆို့တပ်စွဲခဲ့သည့် ရခိုင်ရွာမှ တပ်ပြန်ဆုတ်သွား

လူခြောက်ဦး သေဆုံးခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် ၁၆ ရက်ကြာ တပ်မတော်က ပိတ်ဆို့စစ်ဆေးနေမှုများ ပြီးဆုံးသွားပြီဖြစ်၍ တပ်မတော်စစ်ကြောင်းမှာ မနေ့ညနေပိုင်းက အဆိုပါရွာမှ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now ကို ယနေ့ ပြောသည်။

လုံခြုံရေးကို နယ်မြေအလိုက် လှုပ်ရှားရတာဖြစ်တဲ့အတွက် သွားကြတာပါဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်စစ်ကြောင်းများ ကျောက်တန်းရွာအတွင်း ပြန်လည်ဝင်ရောက်မရောက်ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယမန်နေ့ညက ရွာတွင်းမှ တပ်များ ထွက်ခွာသွားကြောင်းကို ကျောက်တန်းရွာသား ကိုဇော်သန်းက အတည်ပြုသည်။

သူတို့ထွက်သွားကြပြီဗျ ကျွန်တော်တောင် အခု ကျွဲတွေကို ရေတိုက်ဖို့ ရွာပြင်ရောက်နေတာဟု ၎င်းက ပြောသည်။

ကျောက်တန်းရွာတွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ ရှိနေသည်ဆိုသည့် သံသယကြောင့် ရွာသားများကို စစ်ဆေးရန် ဧပြီ ၃၀ ရက်နေ့ကတည်းက တပ်က ဝင်ရောက် ထိန်းချုပ်ထားခြင်းဖြစ်သည်။

ရွာသား  ၂၇၅ ဦးကို ကျေးရွာစာသင်ကျောင်းအတွင်း စစ်ဆေးနေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်၍ တပ်က ပစ်ခတ်မှုကြောင့် လူ ဦးသေဆုံးပြီး ဦးဒဏ်ရာရသွားကြောင်း တပ်က ထုတ်ပြန်ထားသည်။ ဒဏ်ရာရသူများထဲမှတစ်ဦးမှာလည်း ရန်ကုန်သို့ ပြောင်းရွှေ့ကုသစဉ် ထပ်မံသေဆုံးသွားသည်။

တပ်မတော်၏ နှစ်ပတ်ကျော်ကြာစစ်ဆေးမှုအတွင်း AA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဝန်ခံသူ ဦးနှင့် အသေးစိတ် ဆက်လက်စစ်ဆေးနေသူ ဦးရှိကြောင်း တပ်မတော်က ပြောဆိုခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တပ်မတော်စစ်ကြောင်းများ ပြန်လည်ထွက်ခွာသွားပြီးနောက် ယနေ့နေ့လယ်ပိုင်းတွင် အရပ်ဘက်အဖွဲ့အစည်းအချို့ ကျောက်တန်းကျေးရွာထဲ ဝင်ရောက်လာပြီး အကူအညီပေးရေးအတွက် စာရင်းကောက်ခံမှုများ ပြုလုပ်သွားသည်ဟု ရွာသားများက ပြောဆိုသည်။

တိုက်ပွဲများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ရန်ကုန်အခြေစိုက် Burma Monitor အဖွဲ့၏ ဒီဇင်ဘာ ရက်မှ မေလ ပထမပတ်ထိ အချက်အလက်များအရ ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု ၄၄ ဦးအထိ ရှိကြောင်း သိရှိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button