အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဘိုထောင်ဆူပူမှု လေးဦးသေ၊ နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် ယမန်နေ့က ထောင်ဆူပူမှုကို ပစ်ခတ်နှိမ်နင်းရာမှ  သေဆုံးခဲ့သူ ၄ ဦး နှင့် ဒဏ်ရာရခဲ့သူ ၂ ဦး၏ အမည်စာရင်းများ ထွက်ပေါ်လာခဲ့သည်။

ဒေသခံ လူမှုကယ်ဆယ်ရေးအသင်း၏ စာရင်းများအရ သေဆုံးခဲ့သူများသည် ၁၇နှစ်အရွယ် အောင်မြင့်မြတ်(ခ) မြင့်မြတ် ၊ ၂၂နှစ်အရွယ် နေလင်း(ခ) ငရောက်၊ အသက် ၄၀ အရွယ် စိုးရန်နိုင်ကို(ခ) ကုလား နှင့် အသက် ၄၁ နှစ်အရွယ် ကျော်ဇောဟန်တို့ ဖြစ်ကြသည်။

ဒဏ်ရာရသွားသူ ၂ဦးမှာ အသက် ၃၀ အရွယ် အိုက်စိုင်း နှင့် ၃၈နှစ်အရွယ် စောလွင်တို့ ဖြစ်ကြသည်။ ၎င်းတို့ ၂ဦးအား ရွှေဘိုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေး လုပ်သားများက ဆိုသည်။ ဒဏ်ရာရသူများအနက်မှ တစ်ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်းလည်း ၎င်းတို့က ဆိုသည်။

သေဆုံးဒဏ်ရာရသူများစာရင်း (ဓာတ်ပုံ – ခင်နှင်းဝေ/Myanmar Now)

သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ယနေ့နံနက်ပိုင်းတွင် စောင်များ ၊ ပလတ်စတစ်စများဖြင့် ထုပ်ပိုးကာ သယ်ထုတ်သွားသည်ကို အကျဉ်းထောင်ရှေ့ ရောက်နေသည့် Myanmar Now သတင်းထောက်က တွေ့မြင်ခဲ့ရသည်။

ဆူပူမှုကို ပစ်ခတ်နှိမ်နင်းစဉ် သေဆုံးဒဏ်ရာရသူများနှင့်ပတ်သက်ပြီး အကျဉ်းထောင်တာဝန်ရှိသူများထံမှ သီးခြားအတည်ပြုချက်တော့ မရရှိသေးပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button