အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်က တရားစွဲသည့် သံချပ်အဖွဲ့ဝင်များ အာမခံ မရ

တပ်မတော်က ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲထားသည့် “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့ ခေါင်းဆောင် ၅ ဦးကို ရန်ကုန်၊ မရမ်းကုန်းမြို့နယ် တရားရုံးက ယနေ့ စတင် စစ်ဆေးရာ အာမခံ မပေးဘဲ ဧပြီ ၂၉ တွင် ပြန်လည် စစ်ဆေးရန် ချိန်းဆိုလိုက်သည်။

၎င်းတို့သည် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရဖွယ်ရှိသည်။

ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ မကေခိုင်ထွန်း၊ ဒီရေ (ခေါ်) ကိုပိုင်ဖြိုးမင်း၊ ဖိုးသား (ခေါ်) ကိုဇော်လင်းထွန်း တို့ ဦးဆောင်သည့် သံချပ်အဖွဲ့သည်  ၂၀၀၈ အခြေခံဥပဒေ၊ လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်မှုတို့နှင့် ပတ်သက်ပြီး သင်္ကြန်အတွင်း သရော်ခဲ့ကြသည်။

သံချပ်ကို အစိုးရ၏ သင်္ကြန်ကာလ စိစစ်ရေးကော်မတီသို့ တင်ပြခြင်းမရှိသည့်

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါင်းတို့မျိုးဆက်၊ ဒို့အသံ၊ အိုးဝေသံ၊  ကျောင်းနံရံသံချပ်အဖွဲ့တို့သည် ဧပြီ ၁၆ သင်္ကြန်အတက်နေ့က ရန်ကုန် မြောက်ဥက္ကလာမြို့နယ်၊  ကန်သာယာပန်းခြံတွင် စုပေါင်းဖျော်ဖြေခဲ့ကြသည်။ 

တပ်မတော်က ဒေါင်းတို့မျိုးဆက် ဦးဆောင်အဖွဲ့ဝင်တို့ကို တပ်မတော်ဖြိုခွဲရန် ကြိုးပမ်းသည်ဟူသော စွဲချက်ဖြင့် မရမ်းကုန်းရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။  ဧပြီ ၁၉ တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့်   မကေခိုင်ထွန်းကို ရဲက ထိန်းသိမ်းပြီး အာမခံဖြင့် ပြန်လွှတ်ခဲ့သေးသည်။ 

သံချပ်အဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ်တချို့တွင်လည်း သံချပ်ထိုးခဲ့ရာ ကျောင်းကုန်းမြို့တွင် လူအပ်စုတစ်ခု၏ တားဆီးမှုဖြင့် ရင်ဆိုင်ခဲ့ရသေးသည်။

သင်္ကြန် မတိုင်ခင် ဧပြီ ၁၂  ရက်နေ့ မအူပင်မြို့နယ် သံချပ် တင်ဆက်မှုကို   Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံလွှင့်ရာ အဆိုပါ သံချပ်နှင့် ပတ်သက်ပြီး တပ်မတော်က သံချပ်အဖွဲ့ဝင် ၂၅ ဦးကို ပုသိမ်ရဲစခန်းတွင် ဧပြီလ ၂၁ ရက်နေ့က အမှုဖွင့်ထားကြောင်း ဒေါင်းတို့မျိုးဆက်Facebookစာမျက်နှာတွင် ဖော်ပြထားသည်။

ကျောင်းသားသမဂ္ဂတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူများနှင့် ဖွဲ့စည်းထားသည့် ဒေါင်းတို့မျိုးဆက်သည် သံချပ်ကို စိစစ်ရေးကော်မတီသို့ တင်ပြခြင်း မရှိသောကြောင့်  ဆုပေးမဏ္ဍပ်များ၊  ဖျော်ဖြေရေးစင်မြင့်များသို့ တက်ရောက်ခြင်း မပြုနိုင်ပေ။

သင်္ကြန်မတိုင်ခင်ကလည်း တပ်မတော်သည် မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို အာမခံ ရရှိရန် ခက်ခဲသော ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့သည်။ ထိုအမှုများသည်လည်း ၂၀၀၈ အခြေခံဥပဒေ၊ တပ်မတော်တို့ကို ဝေဖန်ချက်များနှင့် ဆက်စပ်နေသည်။

အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၅ဝ၅ (က) သည်  ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့် ပတ်သက်ပြီး ရေးသား ပြောဆိုမှု ဖြစ်သည်ဟု ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button