အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမျိုးသမီးတစ်ဦးအားပစ်ခတ်မှု လက်သည်မပေါ်၊ တပ်နှင့် AA အပြန်အလှန်အပြစ်ဖို့

ယမန်နေ့  ညဦးပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ရွာမှ အသက်၂၈ နှစ်အရွယ် အမျိုးသမီး လက်နက်ကြီးထိမှန်ခဲ့ပြီးနောက် ယင်းလက်နက်ကြီးကို ပစ်ခတ်သူမှာ ၎င်းတို့မဟုတ်ဟု တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့သည် အသီးသီး ငြင်းဆိုခဲ့ကြပြီး အဆိုပါဖြစ်ရပ်အတွက် အပြန်အလှန် အပြစ်ဖို့ခဲ့ကြသည်။

ယမန်နေ့ည ၇ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီးကျည်တစ်လုံး ဖုံညိုလိပ်ရွာ ကျေးရွာဆေးပေးခန်းအနီး ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် ဆေးမှူး၏ ဇနီး မနွယ်ဦးခင်သည် ခြေထောက်တွင် အသေးစားဒဏ်ရာ ရခဲ့ပြီး ဆေးခန်းမှန်တံခါးများလည်း ပျက်စီးသွားခဲ့သည်။

ဒဏ်ရာရခဲ့သည့် အမျိုးသမီးနေထိုင်ရာ ရွာအနီးတွင် AA နှင့် တိုက်ပွဲဖြစ်ခဲ့သည်မှာ မှန်ကန်သော်လည်း အရပ်သားများအား ပစ်ခတ်မှုမှာ တပ်မတော်၏ လက်ချက်မဟုတ်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုခဲ့သည်။

ယမန်နေ့ ည ၇နာရီ ခန့်မှစ၍ AA တပ်သားများ စခန်းချနေသည့် ဖုံညိုလိပ်ရွာအနီးရှိ ထိုက်တူးပေါက်တောင်ပေါ်သို့ တပ်မတော်ဘက်က လက်နက်ကြီးဖြင့် ၆ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ တောင်ကြောပေါ်မှ AA တပ်ဖွဲ့ဝင်များဘက်က ပြန်လည်ပစ်ခတ်ရာတွင် တပ်မတော် တပ်စခန်းများအပြင် ကျေးရွာအတွင်းသို့လည်း ကျည်များ ကျရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်တို့လက်နက်မဟုတ်ဘူး AA ကနေ ဖုံညိုလိပ်ကိုပစ်တာ၊ အဲဒါ AA ပစ်တဲ့လက်နက် ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

သို့သော် AA ပြောခွင့်ရ အရာရှိ ခိုင်သုခက တပ်မတော်ဘက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဆိုသည့် အဆိုပါနေရာတွင် ၎င်းတို့ နှင့် ပစ်ခတ်မှုမရှိခဲ့ကြောင်း၊ ယမန်နေ့က မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များ တိုက်ခိုက်ခဲ့ကြသော်လည်း ဖုံညိုလိပ်ရွာအနီးတွင် တိုက်ပွဲမဖြစ်ခဲ့ဟု ငြင်းဆန်ခဲ့သည်။

“ရွာတွေနဲ့နီးတဲ့နေရာတွေမှာ ကျွန်တော်တို့စစ်ကြောင်းတွေ မရှိဘူးဗျ၊ သူတို့က ညအချိန်တွေမှာ မထင်ရင်မထင်သလိုမျိုး ရမ်းသန်းးပြီးပစ်နေတာ” ဟု ခိုင်သုခက ပြောသည်။

ဖုံညိုလိပ်ရွာတွင် လူဦးရေ ၁၆၀ ခန့်ရှိပြီး လက်နက်ကြီးကျည်များ ရွာထဲသို့ ထပ်မံကျရောက်မည်ကို စိုးရိမ်သည့်အတွက် ရွားသား ၁၀၀ ခန့်သည် ဘူးသီးတောင်မြို့ပေါ်သို့ ညတွင်းချင်း ထွက်ပြေးသွားကြကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်အိမ်က အမေရော၊ အမရော မြို့ပေါ်ရောက်သွားကြပြီ။ ရွာမှာ လူတောင်သိပ်မရှိတော့ဘူး ” ဟု ဖုံညိုလိပ်ရွာသား ကိုမင်းနိုင်စိုးက ပြောသည်။

ယမန်နှစ် နိုဝင်ဘာလမှ စတင်ပြင်းထန်လာသည့် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်အရေအတွက် ၁၄၀၀၀ ထက်မနည်း ရှိနေကြောင်း စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) က မတ် ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles