အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခြေဥပြင်ရေး လွှတ်တော်တွင်းလှုပ်ရှားမှုကို ပြင်ဦးလွင်တွင် ထောက်ခံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင်း ဆွေးနွေးနေမှုများကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ် လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် လူအင်အား ၁,၀၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်သူက တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ရေးဆွဲသည့် ဥပဒေသာလျှင် ဂုဏ်သိက္ခာနဲ့ညီကြောင်း၊ ၂၀၀၈ အခြေခံဥပဒေသည် ပြည်သူက ဘာမျှမသိဘဲ ရေးဆွဲခဲ့သည့် ဥပဒေကြီးဖြစ်ကြောင်း အဆိုပါ ထောက်ခံပွဲတွင် ဟောပြောသည့် စာရေးဆရာ ထင်လင်းဦးက ဆိုသည်။

“၂၀၀၈ ခုနှစ်မှာ နာဂစ် (မုန်တိုင်း) ဖြစ်ပြီး ပြည်သူတွေ ဒုက္ခအကြီးအကျယ် ရောက်နေချိန်မှာ ဇွတ်အတင်းထောက်ခံခိုင်းတဲ့ ဥပဒေကြီး ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်မှ ငြိမ်းချမ်းရေးရမယ်၊ ဒီ ပြည်သူ့ဆန္ဒ မပါတဲ့၊ ကျက်သရေမရှိတဲ့ ဥပဒေကြီးကို ဘာကြောင့် ကာကွယ်ချင်နေကြတာလဲ” 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြို့အသီးသီး၌ ပြုလုပ်နေသော အခြေခံဥပဒေ  ပြင်ဆင်ရေး ထောက်ခံပွဲများသည် ပဏာမ လုပ်သည့် ပွဲများသာဖြစ်ပြီး လာမည့် လေးငါးလ အကြာတွင် ပြည်လုံးကျွတ် ဆန္ဒထုတ်ဖော်ပွဲကြီးတစ်ခု ရှိသေးကြောင်းလည်း ပြောသည်။

ယနေ့ ထောက်ခံပွဲသို့ ရောက်ရှိလာသည့်လူများသည် တိုင်းရင်းသားပြည်သူ ခွင့်တူညီမျှရရှိရေး အခြေခံဥပဒေပြင်ဆင်ပေး၊ ဒီမိုကရေစီ ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ ပြည်သူ့ဆန္ဒနဲ့ထပ်တူမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်စို့ အစရှိသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။

ယခင်က မေမြို့၊ ယခု ပြင်ဦးလွင်ဟု ပြောင်းလဲထားသော မြို့နယ်တွင် ပြုလုပ်သော လှုပ်ရှားမှုသို့ ရောက်ရှိလာသူများက အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြောင်း လက်မှတ်ထိုးကြရာ လက်မှတ်ပေါင်း ၁,၂၀၀ ကျော် ရရှိခဲ့ကြောင်းလည်း သိရသည်။

လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံသည့် လှုပ်ရှားမှုများ ယခုလအတွင်း မြို့အများအပြားတွင် ပေါ်ပေါက်လာသည်။ လဆန်းပိုင်းတွင် မန္တလေး၊ ပုသိမ်၊ မိုးမိတ် စသည့် ဒေသများ၊ လလယ်ပိုင်းတွင် ကျောက်ဆည်၊ ချောက်၊ ပခုက္ကူ၊ ရွှေဘို စသည့်ဒေသများမှ ပြည်သူ အများအပြားက ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

နေပြည်တော် လွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကော်မတီဖွဲ့စည်းပြီး ဝိုင်းဝန်း ဆွေးနွေးရေးကို  အာဏာရပါတီက မကြာသေးမီက စတင် စီစဉ်ခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ၄၅ ဦးကော်မတီဟုလည်း ခေါ်ဆိုကြသည်။

အဆိုပါ ခြေဥပြင်ရေးကော်မတီဖွဲ့သည့်  အာဏာရပါတီ၏ လုပ်ရပ်သည်  လုပ်ထုံးလုပ်နည်းနှင့်မညီဟု တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်က မတ် ၁၅   ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ဆွေးနွေးခဲ့သည်။

“၄၅ ဦး ပူးပေါင်းကော်မတီဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးလမ်း ကြောင်းကနေ သွေဖည်နေကြောင်း၊ ကန့်ကွက်မှုတွေ၊ ထောက်ပြမှုတွေ ရှိတဲ့ကြားက ကော်မတီကို မဲခွဲ ဆုံးဖြတ် ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်” ဟု ဗိုလ်မှူးရဲနိုင်လွင်က ဝေဖန်ခဲ့သည်။    ။
 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles