
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးသည် စင်ကာပူနိုင်ငံရှိ အလုပ်ရှင်ထံမှ ရရှိလာသည့် ကျပ်တစ်သောင်းတန်များသည် အတုများဖြစ်ကြောင်း သတိထားမိပြီး ရဲထံ ဒီဇင်ဘာ ၅ရက်တွင် အကြောင်းကြားခဲ့သည်။
နောက်တစ်ရက်အကြာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့များက အာမခံရရှိရေး လုပ်ဆောင်လျက်ရှိသည်။
မကြာသေးမီရက်ပိုင်းအတွင်းက စင်္ကပူမှပြန်လာသော နိုင်ငံခြားသားနှစ်ဦးထံမှလည်း ကျပ်တစ်သောင်းတန်ငွေစက္ကူများ ဖမ်းဆီးရမိသည့် အလားတူဖြစ်ရပ်မျိုး ရှိခဲ့သည်။
ရဲက သူ့အား အမြင့်ဆုံးထောင်ဒဏ် သုံးနှစ် နှင့် ငွေဒဏ် ချမှတ်နိုင်သည့် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅ နှင့် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ် ၂၀ အထိ ကျခံရနိုင်သည့် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၆ တို့ဖြင့် စွဲချက်တင်ထားသည်။
အဆိုပါ ငွေတုများကို စင်ကာပူနိုင်ငံရှိ MM Sharife Trader တွင် နော်သောသွဲ့ထူး ၏အလုပ်ရှင်က လဲလှယ်ပေးခဲ့သည်ဟုလည်း ရဲထုတ်ပြန်ချက်က ဆိုသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ကာယကံရှင် မိသားစုများ၏ ပြောစကား မှန်ကန်သည်ဆိုပါက မတရားမှုတစ်ခု ဖြစ်နိုင်ကြောင်း ဝေဖန်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အကူအညီလာရောက် တောင်းခံပါက လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကူညီသွားမည်ဟုလည်း ဦးယုလွင်အောင်က ပြောသည်။
လက်ရှိတွင် ပဲခူးတိုင်း၊ ဒိုက်ဦးရဲစခန်းတွင် စစ်ဆေးလျက်ရှိပြီး တရားရုံးသို့ စွဲတင်ခြင်း မရှိသေးပေ။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)
[youtube https://youtu.be/K_PxLveUJiM]