
(တိုက်ပွဲရှောင် ကလေးမိခင်များအကြောင်း ဓာတ်ပုံအက်ဆေး)
မည်သည့်အချိန်တွင် ငြိမ်းချမ်းရေးရမည်ကို မည်သူမျှ မခန့်မှန်းနိုင်သေးသော ကချင်ဒေသတွင် စစ်ရှောင်စခန်းတို့မှာ ဒေသ၏ အမှတ်အသားများ ဖြစ်လာသည်။
ထိုစခန်းများအတွင်း အိမ်ပြန်ချိန်ကို နေ့စဉ်မျှော်လင့်နေသော၊ ရင်သွေးငယ်ကို အခက်အခဲကြားမှ ပြုစုစောင့်ရှောက်နေသော အမျိုးသမီးအများအပြား ရှိနေသည်။
စခန်းတချို့ရှိသော တနိုင်းမြို့နယ်သို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရောက်ရှိသွားသူ သတင်းထောက်ဖြိုးသီဟချိုက မြင်ကွင်းတချို့ကို မှတ်တမ်းတင်ပြီး ဤသို့ ပေးပို့ထားသည်။

စစ်ရှောင်စခန်းတစ်ခုတွင် နေ့လယ်စာ ကျွေးနေသော မြင်ကွင်းတစ်ခု။ ထမင်းနှင့်အတူ တွဲဖက်စားသောက်ကြသည်မှာ ဟင်းရည်၊ ငါးပိရည်တို့ဖြစ်သည်။ ရိက္ခာအများစုမှာ ခရစ်ယာန်အသင်းတော်များကွန်ရက်အသီးသီးက စုစည်း ပေးပို့လိုက်သော လှူဒါန်းမှုများ ဖြစ်သည်။

နန့်ပျိုကျေးရွာမှ ၄၈ နှစ်အရွယ် ဒေါ်အားနီသည် တနိုင်းမြို့ရှိ ဧဝံဂေလိ အသင်းတော်တွင် ခိုလှုံလျက်ရှိသည်။

နန့်ပျိုကျေးရွာမှ ၄၃နှစ်အရွယ် ဒေါ်အလေးမီးကို ဧဝံဂေလိ အသင်းတော်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ရသည်။

တနိုင်းမြို့မှ အသက် ၂ဝ အရွယ် စစ်ရှောင်ဒုက္ခသည် လီဆူတိုင်းရင်းသူ မအာတူးဆာ။

စစ်ရှောင်စခန်းတစ်ခုတွင် ကလေးကျောပိုးပြီး နေ့လယ်စာ စားနေသော မိခင်တစ်ဦး။

နမ်းခမ်းကျေးရွာတွင် နေထိုင်သူ အသက် ၆လအရွယ် ကလေးငယ်၏မိခင် မထွယ်လျားက မိရိုးဖလာ ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို လုပ်ကိုင်သူဖြစ်ပြီး စစ်ပွဲများကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) စစ်ရှောင်စခန်းသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။
ဓာတ်ပုံများ – ဖြိုးသီဟချို / Myanmar Now