အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ကချင်ဒေသစစ်ပွဲ၊ မိခင်နှင့် ကလေး (ဓာတ်ပုံအက်ဆေး)

(တိုက်ပွဲရှောင် ကလေးမိခင်များအကြောင်း ဓာတ်ပုံအက်ဆေး)

မည်သည့်အချိန်တွင် ငြိမ်းချမ်းရေးရမည်ကို မည်သူမျှ မခန့်မှန်းနိုင်သေးသော ကချင်ဒေသတွင် စစ်ရှောင်စခန်းတို့မှာ ဒေသ၏ အမှတ်အသားများ ဖြစ်လာသည်။

ထိုစခန်းများအတွင်း အိမ်ပြန်ချိန်ကို နေ့စဉ်မျှော်လင့်နေသော၊ ရင်သွေးငယ်ကို အခက်အခဲကြားမှ ပြုစုစောင့်ရှောက်နေသော အမျိုးသမီးအများအပြား ရှိနေသည်။

စခန်းတချို့ရှိသော တနိုင်းမြို့နယ်သို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရောက်ရှိသွားသူ သတင်းထောက်ဖြိုးသီဟချိုက မြင်ကွင်းတချို့ကို မှတ်တမ်းတင်ပြီး ဤသို့ ပေးပို့ထားသည်။

စစ်ရှောင်စခန်းတစ်ခုတွင် နေ့လယ်စာ ကျွေးနေသော မြင်ကွင်းတစ်ခု။ ထမင်းနှင့်အတူ တွဲဖက်စားသောက်ကြသည်မှာ ဟင်းရည်၊ ငါးပိရည်တို့ဖြစ်သည်။ ရိက္ခာအများစုမှာ ခရစ်ယာန်အသင်းတော်များကွန်ရက်အသီးသီးက စုစည်း ပေးပို့လိုက်သော လှူဒါန်းမှုများ ဖြစ်သည်။

နန့်ပျိုကျေးရွာမှ ၄၈ နှစ်အရွယ် ဒေါ်အားနီသည် တနိုင်းမြို့ရှိ ဧဝံဂေလိ အသင်းတော်တွင် ခိုလှုံလျက်ရှိသည်။

နန့်ပျိုကျေးရွာမှ ၄၃နှစ်အရွယ် ဒေါ်အလေးမီးကို ဧဝံဂေလိ အသင်းတော်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ရသည်။

တနိုင်းမြို့မှ အသက် ၂ဝ အရွယ် စစ်ရှောင်ဒုက္ခသည် လီဆူတိုင်းရင်းသူ မအာတူးဆာ။

စစ်ရှောင်စခန်းတစ်ခုတွင် ကလေးကျောပိုးပြီး နေ့လယ်စာ စားနေသော မိခင်တစ်ဦး။

နမ်းခမ်းကျေးရွာတွင် နေထိုင်သူ အသက် ၆လအရွယ် ကလေးငယ်၏မိခင် မထွယ်လျားက မိရိုးဖလာ ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို လုပ်ကိုင်သူဖြစ်ပြီး စစ်ပွဲများကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) စစ်ရှောင်စခန်းသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။

ဓာတ်ပုံများ – ဖြိုးသီဟချို / Myanmar Now

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button