အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဏ္ဏားကျွန်း ရဲစခန်းစီးနင်းခံရ ကိုးဦးကျ၊ ရဲတပ်ကြပ်တစ်ဦးနှင့်စခန်းမှူးတို့ လွတ်မြောက်

စစ်တွေ – ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ၊ ယိုးတရုတ်တိုက်နယ်ကျေးရွာရှိ ရဲကင်းစခန်းကို မတ်လ ၉ ရက် ယမန်နေ့ ည ၁၁ နာရီကျော်အချိန်တွင် ရက္ခိုင့်တပ်မတော် AA တပ်သားများ ဝင်ရောက်စီးနင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးတွင် ၉ ယောက်ကျဆုံးပြီး ရဲတပ်ကြပ်တစ်ဦး နှင့် စခန်းမှူးတစ်ဦးတို့ လွတ်မြောက်ကျန်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့သည့် ‘တိုက်ပွဲအစီရင်ခံစာ’ တွင် မတ်လ ၉ ရက်ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် “ရန်သူ” က ရဲစခန်းကို မျက်နှာစာသုံးဖက်မှနေ၍ “သာလွန်အင်အားအသုံးပြုပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်” ကြောင်း၊ လက်နက်ချခိုင်းသော်လည်း ရဲတပ်ဖွဲ့ဝင်များက ခုခံပစ်ခတ်ရာ တိုက်ပွဲမှာ ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ရပ်တန့်သွားကြောင်း၊ ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးကာ နှစ်ဦး အသေးစားဒဏ်ရာရပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။

ဝင်စီးခံရတဲ့ ရဲစခန်းအနီး ပြန့်ကျဲနေတဲ့ ကျဆုံးရဲတပ်ဖွဲ့ဝင်အလောင်းများ

“ဒုတပ်ကြပ်တစ်ဦးက ကင်းစခန်းအောက်က ကတုတ်ကျင်းထဲကို ကျသွားပြီး ပြန်မထဘဲနေလို့ လွတ်သွားတယ်လို့ သိရပါတယ်။ စခန်းမှူးကတော့ ထွက်ပြေးလို့ လွတ်မြောက်သွား တာပေါ့။ ရဲစခန်းရှိတဲ့ဘက်က ရွာသားတွေကတော့ ပထမ ‘မင်းတို့လက်နက်ချ’ လို့ အော်သံကို ကြားတယ်တဲ့။ ခုဟာက လက်နက်မချလို့ ပစ်တာ ဖြစ်ဖို့များပါတယ်။ နောက်ပစ်တဲ့အခါမှ ကျနော်တို့လက်နက်ချပါပြီဆိုပြီး ပြောခဲ့တယ်တဲ့။ ဒါပေမယ့် ဆက်ပစ်သွားတဲ့သဘောပေါ့။ နောက် မပစ်ခင် မိန်းမနှင့်ကလေးတွေကို အပြင်ထွက်ခိုင်းတယ်လို့ သိရတယ်။ ရဲတပ်ဖွဲ့ဝင်တွေကလည်း ယိုးတရုတ်ရွာသားတွေက များပါတယ်။ ဒါကြောင့် ငိုယိုကြနဲ့ အလုပ်ရှုပ်နေကြပါတယ်။ ကျွန်တော်လည်း ဖေ့စ်ဘုတ် မှာ မတင်ရဲဘူး” ဟု အမည်မဖော်လိုသူ ယိုးတရုတ်ကျေးရွာသားတစ်ဦးက ပြောသည်။

ယိုးတရုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းကမူ ၎င်းအနေဖြင့် အလွန်အလုပ်ရှုပ်နေကြောင်း ဖုန်းဖြင့် ဖြေကြားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် တင်မောင်ဝင်းအား သတင်းအတည်ပြုရန်အတွက် ဖုန်း ခေါ်ဆိုသော် လည်း “အလုပ်ရှိနေပါတယ်။ မပြောနိုင်သေးပါဘူး” ဆိုကာ ဖုန်းချသွားခဲ့သည်။ နောက်ထပ် သုံးကြိမ် ထပ်မံခေါ်ဆိုသော်လည်း ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button