ရွေးကောက်ပွဲ

၂ဝ၁၅ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ

စစ်အုပ်ချုပ်မှုစနစ်အောက်တွင် ဆယ်စုနှစ်များစွာ  ကြာမြင့်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် နိုဝင်ဘာ ၈ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားရာ  ၂၅နှစ်အတွင်း  နိုင်ငံရေးပါတီများ အားလုံး ပါဝင်ယှဉ်ပြိုင်ကြမည့် ရွေးကောက်ပွဲ ဖြစ်လာမည် ဖြစ်သည်။

စစ်တပ်နှင့် ဆက်စပ်သည့် သမ္မတဦးသိန်းစိန်၏ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအပြတ်အသတ်အနိုင်ရရန် အဓိကပြိုင်ဘက်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တိုင်းရင်းသားပါတီတချို့ကလည်း ၎င်းတို့၏ သက်ဆိုင်ရာနယ်မြေများတွင် အနိုင်ရရန် ယှဉ်ပြိုင်သကဲ့သို့ ပါတီငယ်လေးများကလည်း ဗမာလူမျိုးများ အဓိကနေထိုင်သည့် မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဓိကအချက်များ

    • – ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၅ သန်းရှိသည့်အနက် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိသူ အရေအတွက်မှာ ၃၃ သန်း ဖြစ်သည်။ (နောက်ဆုံးထွက်ပေါ်လာသည့် စာရင်းမှာ ၃၃.၅ သန်း ဖြစ်သည်)

    • –  စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပြတ်အသတ် အနိုင်ရမည့် အခြေအနေဖြစ်အောင် စီစဉ်ခဲ့သည့် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ခံရသည်။ ၂ဝ၁၂  တွင် ကြားဖြတ်ရွေးကောက်ပွဲကို ပါတီအားလုံးပါဝင်ခွင့်ရရှိအောင် ကျင်းပပေးခဲ့ရာ မဲဆန္ဒနယ် ၄၄ ခုအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၃နေရာတွင် အနိုင်ရသည်။

    • –   နိုဝင်ဘာ ၈ တနင်္ဂနွေနေ့ မဲပေးနိုင်သည့် အချိန်မှာ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်မည်။

    • –   မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်အတွက် ၃၂၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက်  ၁၆၈ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် ၆၇၃ နေရာ ဖြစ်သည်။ လွှတ်တော်အားလုံးတွင် နေရာ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားကိုယ်စားလှယ်များက အလိုအလျောက် ရရှိမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ထိုကိုယ်စားလှယ်များကို လူထုက ရွေးချယ်ရန် မလိုဘဲ တပ်မတော်က ရွေးချယ် ခန့်အပ်မည်ဖြစ်သည်။

    • – မဲဆန္ဒနယ်တစ်ခုလုံးတွင် ထောက်ခံမဲ အရေအတွက်ပေါ် မူတည်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်မည်။ အမတ်လောင်း အရေအတွက် ၆,၀၃၉ ဦး ရှိသည်။ ၂ဝ၁၀ ရွေးကောက်ပွဲဝင် အမတ်လောင်း အရေအတွက် ၃,ဝ၆၉ ထက် နှစ်ဆ များပြားသော ပမာဏ ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီပေါင်း ၉၁ ခုပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါတီတစ်ခုချင်းစီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်သည်။

ပါတီ                                                                          ကိုယ်စားလှယ်အရေအတွက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်                                                ၁,၁၃ဝ  
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ                                 ၁,၁၃ဝ  
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ                                   ၇၅၇
အမျိုးသားတိုးတက်ရေးပါတီ                                                     ၃၅၃  
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ       ၂၈၆  
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ                                        ၂၇၄   
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ                              ၂ဝ၆  
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ                       ၁၅၈  
ကရင်ပြည်သူ့ပါတီ                                                                     ၁၁၇  
ရခိုင်အမျိုးသားပါတီ                                                                    ၇၇
တစ်သီးပုဂ္ဂလ`                                                                          ၃ဝ၉  

(ရင်းမြစ် –  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ International Crisis Group)

Show More

Related Articles

Back to top button