သတင်း

၂ဝ၁၂ နောက်ပိုင်း ကျူးကျော်ရပ်ကွက် ဖယ်ရှားမှုကြီးများ

ပြီးခဲ့တဲ့နှစ်တွေအတွင်း ရန်ကုန်နဲ့မြို့ကြီးတချို့မှာ ကျူးကျော်ရပ်ကွက်များ ဖယ်ရှားရှင်းလင်းတာတွေ ဖြစ်ပေါ်ခဲ့တယ်၊ ရံဖန်ရံခါမှာတော့ သွေးထွက်သံယိုမှုပါဝင်တဲ့ ပဋိပက္ခအဆင့်ထိ ဖြစ်ပွားခဲ့တယ်လို့ စာနယ်ဇင်းများမှာ ဖော်ပြခဲ့ကြပါတယ်။

-၂ဝ၁၂ ဇူလိုင်လက ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက် အတွင်းရှိ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနပိုင် မြေပေါ်မှာ ကျူးကျော်နေထိုင်တဲ့သူတွေကို ဦးစီးဌာန ဝန်ထမ်းတွေက ဝင်ရောက်ဖယ်ရှားခဲ့ပါတယ်။

-၂ဝ၁၂ စက်တင်ဘာလက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာရပ်ကွက်က ကျူးကျော် နေထိုင်သူတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က  ဖယ်ရှားရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တချို့ အထိန်းသိမ်းခံရပါတယ်။

– ၂ဝ၁၃ ဖေဖော်ဝါရီလက ရန်ကုန်၊ လှည်းကူးမြို့နယ်၊ သမီးကလေး ကျေးရွာမှာ နှစ်ပေါင်း ၂ဝ ကြာ ရှိနေတဲ့ အိမ်ခြေ ၃ဝဝ ကျော်ဟာ တပ်ပိုင်မြေထဲမှာ ကျူးကျော်နေတယ်လို့ စွပ်စွဲခံရပါတယ်။

– ၂ဝ၁၃ ဖေဖော်ဝါရီလက ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊  ပီမိုးနင်းလမ်းမှာ ကျူးကျော်အိမ်အလုံး တစ်ထောင်နီးပါး ဆောက်လုပ်ကြသူတွေနဲ့ ဖယ်ရှားဖို့ ကြိုးစားတဲ့ အာဏာပိုင်တွေ ပဋိပက္ခဖြစ်ကြပါတယ်။

-၂ဝ၁၃၊ ဒီဇင်ဘာလက ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း ချောင်းဘေးမှာ ကျူးကျော်နေထိုင်ဖို့ ပြင်ဆင်ကြသူတွေနဲ့  ရဲတွေ ထိပ်တိုက်တွေ့ကြပါတယ်။     ။

 

Show More

Related Articles

Back to top button