အာဏာသိမ်းစစ်ကောင်စီသည် ခုခံတော်လှန်မှုအားကောင်းသည့် အညာဒေသမှ ကျေးရွာများကို ရွာစဉ်လှည့် မီးရှို့နေသည့် တပြိုက်နက် ရန်ကုန်မြို့ပြတွင်လည်း ကျူးကျော်ဆိုသည့် အကြောင်းပြချက်ဖြင့် လူနေအိမ်များကို ဆက်တိုက် ဖယ်ရှားနေသည်။
ယခုလအတွင်း မင်္ဂလာဒုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ကို ကျူးကျော်ဟုဆိုကာ ဖိအားပေး ရှင်းလင်းနေသည့်အတွက် လူဦးရေသောင်းနှင့်ချီပြီး အိမ်မဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ခေတ်အဆက်ဆက် စစ်အာဏာသိမ်းတိုင်း နိုင်ငံတဝှမ်း ကျူးကျော်ရှင်းလင်းခြင်း၊ မြို့သစ်တည်ဆောက်ခြင်းတို့ကို ဖွံ့ဖြိုးရေးအကြောင်းပြပြီး စစ်တပ်က လုပ်ဆောင်လေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)
[youtube https://www.youtube.com/watch?v=c-oydXLqYIo]