သတင်း

ဦးကိုနီလုပ်ကြံခံရမှု ပြည်ခိုင်ဖြိုး၊ မဘသ နှင့် ပတ်သက်မှုမရှိဟု ပြည်ထဲရေးဝန်ကြီးပြောကြား

ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်၊ ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ဦးလင်းဇော်ထွန်းတို့ ရန်ကုန် တာမွေမြို.နယ် မော်ဒန်လ္ဘက်ရည်ဆိုင်တွင် တွေ့ဆုံစဉ် ဦးကိုနီအကြောင်း မကျေမနပ်ပြောဆိုဆွေးနွေးမှုများမှ တစ်ဆင့် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေက ပြောကြားသည်။

ဖြစ်စဉ်တွင် လူပေါင်း ၇၀ ကျော်ကို ခေါ်ယူမေးမြန်းခဲ့ပြီး ယခင်တပ်မတော်ထောက်လှမ်းရေးအဖွဲ.ဝင်များနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ.နှင့် ပတ်သက်မှု မရှိနိုင်ကြောင်း၊ စုံစမ်းအရေးယူမႈများ ဆက်လက်လုပ်ဆောင်နေကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။

ရှမ်းပြည်နယ် မိုင်းဖြတ်မြို.နယ် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းအားလည်း ရဲတပ်ဖွဲ.က ခေါ်ယူမေးမြန်းခဲ့ပြီး ယခုအမှုတွင် သူပါဝင်မှုမရှိကြောင်း ဗိုလ်ချုပ်ကျော်ဆွေက ဆိုသည်။

Show More

Related Articles

Back to top button