အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘာသာပေါင်းစုံ နိုင်ငံတကာအစည်းအဝေး ရန်ကုန်တွင် ပြုလုပ်

ရန်ကုန်မြို့တွင် ကျင်းပနေသော အာရှတိုက်လုံးဆိုင်ရာ ဘာသာပေါင်းစုံညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ဒေသ လတ်တလော ပဋိပက္ခအကြောင်း ထည့်သွင်း ဆွေးနွေးသွားမည်ဟု သိရသည်။

နိုင်ငံတကာမှ ကိုယ်စားလှယ်များ တက်ရောက်နေသည့် ထိုအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့သည်။

ငြိမ်းချမ်းမေတ္တာအဖွဲ့က ဤအစည်းအဝေးဖြစ်မြောက်ရေး စီစဉ်ခြင်း ဖြစ်ပြီး ထိုအဖွဲ့က ၂၀၂၀ အထိ မြန်မာနိုင်ငံတွင် ပြုလုပ်မည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများကို ဝန်ကြီးဌာနက ကူညီသွားမည်ဟု ဝန်ကြီးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုအဖွဲ့၏ဥက္ကဋ္ဌ ဦးမြင့်ဆွေက နိုင်ငံပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခြင်းမှာ မတူကွဲပြားသည့် ဘာသာဝင်တို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခကို ချေဖျက်နိုင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့အတွက် များစွာ အထောက်အကူ ပြုစေသည်ဟု ဆိုသည်။

“အထူးသဖြင့် ဗုဒ္ဓဘာသာတွေဟာ တခြားဘာသာဝင်တွေပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ မြင်သွားတဲ့အခါ အများကြီး အကျိုးကျေးဇူးရပါလိမ့်မယ်။ အထင်လွဲနေတာတွေ၊ အမြင်လွဲနေတာတွေ ကျွန်တော်တို့ကို စွပ်စွဲနေတာတွေက မဟုတ်မှန်ဘူး ဆိုတာ သက်သေပြနိုင်ပါလိမ့်မယ်” ဟု ဦးမြင့်ဆွေက သတင်းထောက်များကို ပြောသည်။

ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် Religions for Peace ကမ္ဘာလုံးဆိုင်ရာ ညီလာခံကြီးကို လာမည့် သြဂုတ်လ ဂျာမနီနိုင်ငံတွင် ပြုလုပ်မည်ဖြစ်ပြီး  မြန်မာနိုင်ငံ၏ စစ်ဘေးရှောင်ဒုက္ခသည်များ၏ အခန်းကဏ္ဍကို ထည့်သွင်း ဆွေးနွေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် နိုင်ငံတကာ ကိုယ်စားလှယ်တို့က အစီရင်ခံစာများကို  တင်ပြလေ့ရှိပြီး သြဂုတ်လညီလာခံတွင် တင်သွင်းမည့် အာရှတိုက်လုံးဆိုင်ရာ အစီရင်ခံစာအတွက် ရန်ကုန်တွင် ညှိနှိုင်းအစည်းအဝေး ကျင်းနေခြင်း ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button