အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ရန်ကုန်မှာ တွေ့ရတဲ့ အမျိုးသမီးများနေ့ လှုပ်ရှားမှုတစ်ခု

မတ်လ ဂ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် အစီအစဉ်တစ်ခုကို ဗုဒ္ဓဟူးညနေပိုင်းက ရန်ကုန်မှာ တွေ့ခဲ့ရပါတယ်။

ရန်ကုန်ဘတ်စကားလိုင်းအများအပြား စုစည်းတဲ့ဒီပန်းခြံမှာ ပြုလုပ်တဲ့ အစီအစဉ်မှာ The Rhythm တီးဝိုင်းနဲ့ ဝါရင့်ဂီတသမားတွေ ပါဝင်တင်ဆက်ခဲ့ကြတာပါ။

ပြည်တော်ပြန်အဆိုတော်ကြီး မွန်းအောင်က ထူးအိမ်သင် တောခိုစဉ် ရေးစပ်ခဲ့တဲ့ နာမည်ကျော် “အရေးကြီးပြီ” သီချင်းအပါအဝင် သူ့ရဲ့ ရွှေခေတ်သီချင်းတချို့နဲ့ တင်ဆက်ခဲ့ပါတယ်။

မိုးလှုံးမှိုင်းသီချင်းကိုတော့ သူ့ရဲ့ အမာခံပရိသတ်များထဲက တချို့က ဝိုင်းဖွဲ့ကပြီး အားပေးကြပါတယ်။

အမျိုးသမီးများနေ့ကို ကမ္ဘာတစ်ဝန်း ကျင်းပကြသလို မြန်မာပြည်မှာလည်း မတ်လ ၈ ရက်နေ့မတိုင်ခင်ကတည်းက အမျိုးသမီးရေးဆိုင်ရာ လှုပ်ရှားမှုတွေကို တွေ့ရပါတယ်။

နေပြည်တော်နိုင်ငံရေးလောကမှာပါ ဒီလှုပ်ရှားမှု ရှိခဲ့တာပါ။ အဲဒီမှာ ပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ ရက်သတ္တပတ် ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပါတယ်။

အမျိုးသမီးအရေး ပညာပေး စည်းရုံး တင်ဆက်တဲ့ ရန်ကုန် သခင်မြပန်းခြံ ညနေခင်းအစီအစဉ်ကတော့ အများပြည်သူ ပါဝင်နိုင်တဲ့၊ လေ့လာနိုင်တဲ့ အခြေအနေ များပြားတာကို တွေ့ရပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button