အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျူးကျော်အိမ်ဖျက်ခံရသူများ မြေကွက်အရောင်းသမားကို အမှုဖွင့်

ရန်ကုန်၊ လှည်းကူးမြို့နယ် ကျူးကျော်ရပ်နေအိမ်ဖျက်သိမ်းခံရသူများက မြေကွက်လိမ်လည်ရောင်းချသွားသူတို့ကို မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု ဇွန်လ ၂၂ ရက်နေ့တွင် Myanmar Now ကို ပြောသည်။

ကျေးရွာမြေအသုံးပြုရေးကော်မတီဆိုသည့် အဖွဲ့အစည်းတစ်ခုထံမှ မြေကွက်ဝယ်ယူခဲ့ကြကြောင်း၊ အဆိုပါကော်မတီ၏ အတွင်းရေးမှူး ကိုမျိုးဆိုသူကို ငွေချေခဲ့ကြကြောင်း အများအပြားက ပြောသည်။

“အဓိက တိုင်တာကတော့ ကိုမျိုးပေါ့။ သူက တာဝန်ခံပြီး ရောင်းပေးတာကိုး” ဟု မြေကွက် ဝယ်ယူမိသူတစ်ဦးဖြစ်သည့် မနှင်းနှင်းက ပြောသည်။

ပေ ၄ဝx၆ဝ မြေကွက်ကို ၁၅ သိန်းပေးကာ ဝယ်ယူမိသည့် ကိုမြင့်ထွေးက မြေကွက်ဝယ်ထားသူပေါင်း တစ်ရာနီးပါးခန့် စုစည်းကာ သွားရောက် တိုင်ကြားကြသည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူတို့ကတော့ ဒီအမှုကို လိုက်ပေးမယ်၊ တရားခံကို ရှာပေးမယ်လို့တော့ ပြောတယ်” ဟု ကိုမြင့်ထွေးက ပြောသည်။

ကျူးကျော်ရပ်ရှင်းလင်းရာတွင် ပါဝင်သည့် အရာရှိတို့က အမှုဖွင့်လိုက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသဖြင့် ယခုကဲ့သို့ တိုင်ကြားရခြင်းဖြစ်ကြောင်း သိရသည်။

လှည်းကူးမြို့မရဲတပ်ဖွဲ့မှ ရဲမှူး ဦးကျော်ရွှေဝင်းက တိုင်ကြားမှုများကို လက်ခံဆောင်ရွက်ပေးနေသည်ဟု ပြောသည်။

“လာတိုင်တာတွေလည်း ရှိတယ်။ လာတိုင်တော့ ကျွန်တော်တို့က ၄၂ဝ နဲ့ ဖွင့်ပေးထားတယ်” ဟု ဦးကျော်ရွှေဝင်းက ဆိုသည်။

စစ်ဆေးနေဆဲဖြစ်သည့်အတွက် အမှုအခြေအနေအသေးစိတ်နှင့် ပတ်သက်ပြီး အတိအကျမပြောနိုင်သေးဟု သူက ဆိုသည်။

ရာဇသတ်ကြီးပုဒ်မ ၄၂ဝ သည် ပြစ်မှုထင်ရှားပါက ငွေဒဏ်မှ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မှ ဖြစ်သည်။

ဇွန် ၁၂ မှ ၂၂ အတွင်း ကျူးကျော်အိမ်ပေါင်း ၆,ဝဝဝ နီးပါးခန့် ရှင်းလင်းပြီးဖြစ်သည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button