အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှည်းကူးမြေကွက် လိမ်ရောင်းသူတို့ကို တရားစွဲမည်

ရန်ကုန် – ရန်ကုန်၊ လှည်းကူးမြို့နယ် ကျူးကျော်ရပ်နေအိမ်ဖျက်သိမ်းခံရသူများက မြေကွက်လိမ်လည်ရောင်းချသွားသူတို့ကို တရားစွဲဆိုသွားမည်ဟု သြဂုတ်လ ၅ ရက်နေ့က သတင်းထောက်များကို ပြောသည်။

၎င်းတို့၏ ရှေ့နေ ဦးအောင်သူရိန်ထွန်းကလည်း ဇွန်လ ၁၅ ရက်နေ့ လှည်းကူးရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားမှုမှာ ယနေ့အချိန်အထိ ထူးခြားမှု မရှိသေးကြောင်း၊ တစ်ပတ်အတွင်း တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေကြောင်း ပြောသည်။

“နို့တစ်စာ ပစ်ပြီး တရားစွဲဖို့ဆိုရင် လိမ်လည်ရောင်းချသူ ၂၇ ဦးရဲ့ အချက်အလက်တွေ လိုတယ်။ လောလောဆယ်က အချက်အလက်တွေ စုဆောင်းဆဲအဆင့်ပဲ ရှိပါသေးတယ် ” ဟု ကျူးကျော်များအတွက် လိုက်ပါ ဆောင်ရွက်ပေးနေသည့် ဦးအောင်သူရိန်ထွန်းက ပြောသည်။

အမှုအခြေအနေနှင့်ပတ်သက်၍ လှည်းကူးမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ လက်ခံဖြေကြားပေးနိုင်မည့် အမှုစစ်အရာရှိတို့ စခန်းတွင် ရှိမနေကြောင်း တာဝန်မှူး ရဲအုပ်မောင်မောင်ဇော်ထံမှ သိရသည်။

ဇွန်လလယ်ပိုင်းက အမြန်လမ်းမကြီးဘေးရှိ ကျူးကျော်နေအိမ် ၆,၀၀၀ ခန့် ကို တိုင်းအစိုးရ၏ ညွှန်ကြားချက်ဖြင့် ရှင်းလင်းဖယ်ရှားခဲ့သည်။

ထိုနေရာတွင် လူနေအိမ်၊ အပန်းဖြေစခန်းတို့ ပါဝင်သည့် စီမံကိန်းတစ်ခုကို စတင်လျက်ရှိကြောင်း၊ လူနေအိမ်ခန်း ၄,၀၀၀ ခန့် ဆောက်လုပ်ရန်အတွက် မြေပြင်ခြင်းလုပ်ငန်း ပြီးစီးသွားပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်ထံမှ သိရသည်။

အိမ်ဖျက်ခံရပြီး ရက်ပိုင်းအတွင်း နစ်နာသူများက လာရောက်တွေ့ဆုံခဲ့ကာ ၎င်းတို့၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန်၊ လိမ်လည်ရောင်းချသွားသူများအား အမြန်ဆုံးအရေးယူပေးရန် တောင်းဆိုခဲ့သည်ဟု ဦးယုခိုင်က ဆိုသည်။

“သူတို့တင်ပြပြီး နောက်နေ့ပဲ တိုင်းအစိုးရရုံးကို အစီအရင်ခံစာ တင်လိုက်တယ်။ လောလောဆယ်တော့ ဘာမှ အကြောင်းမပြန်သေးဘူး” ဟု ဦးယုခိုင်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button