အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိပ်တန်းမြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦး ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံရ

ရန်ကုန် – ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်စလင်ဒုက္ခသည်များအရေး သတင်းဓာတ်ပုံများရိုက်ကူးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်နေသော မြန်မာနိုင်ငံသား ဓာတ်ပုံသတင်းထောက် နှစ်ဦးကို သူလျှိုလုပ်မှုစွပ်စွဲချက်ဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းထားသည်ဟု AFP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် အလွတ်တန်းဓာတ်ပုံသတင်းထောက်များဖြစ်သည့် ကိုမင်းဇေယျာဦး နှင့် ကိုခွန်းလတ်တို့နှစ်ဦးသည် ဂျာမန်အခြေစိုက် ဂျီအိုမဂ္ဂဇင်းအတွက် ဓာတ်ပုံများရိုက်ကူးရန် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများရှိရာ ကော့ဘဇားဒေသသို့ ယခုလဆန်းပိုင်းက ရောက်ရှိပြီးနောက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း AFP သတင်းတွင် ရေးသားဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် စက်တင်ဘာ ၇ ကတည်းက ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဝင်ရောက်ခဲ့ရာတွင် သတင်းထောက်ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်လာခြင်းမဟုတ်ဘဲ ခရီးသွားအလည်အပတ်ဗီဇာဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က စွပ်စွဲထားပြီး ၎င်းတို့နှစ်ဦးအား အယောင်ဆောင်မှု၊ မှားယွင်းသော သတင်းအချက်အလက်များပေးပို့မှုများဖြင့် စွဲချက်တင်ထားသည်။

“မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာတွေနေတဲ့ပတ်သက်ပြီး ဒီနှစ်ယောက်က သတင်းအချက်အလက်တွေ လိုက်ယူနေတာပါ” ဟု ကော့ဘဇားပြည်နယ်ရှိ ရဲဌာနအကြီးအကဲ ရန်ဂျစ်ကူးမားဘာယူရာက AFP သတင်းဌာနကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုမင်းဇေယျာဦးနှင့် ကချင်ပြည်နယ်မှ ကိုခွန်းလတ် တို့မှာ မြန်မာနိုင်ငံ သတင်းဓာတ်ပုံလောကတွင် ထင်ရှားသော လူငယ်သတင်းထောက်များဖြစ်ကြပြီး ၎င်းတို့၏ စွမ်းဆောင်မှုအတွက် သတင်းဓာတ်ပုံဆိုင်ရာ နိုင်ငံတကာဆုများရရှိထားသူများဖြစ်သည်။ ကိုမင်းဇေယျာဦးသည် ရိုက်တာသတင်းဌာနအတွက် လုပ်ကိုင်ခဲ့ဖူးပြီး ကိုခွန်းလတ်သည် ပေါ်ပြူလာဂျာနယ်အတွက် လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။

၎င်းတို့နှစ်ဦးအား ဘင်္ဂလားဒေ့ရှ်သို့ စေလွှတ်ခဲ့ခြင်းသည် သူတို့၏ လုပ်ငန်းဆိုင်ရာအထူးတလည်ကျွမ်းကျင်မှုနှင့် သတင်းလောကတွင် ကောင်းမွန်သောနာမည်ကောင်းရှိမှုများကြောင့် ဖြစ်ကြောင်း၊ သူတို့အားအာမခံမပေးဘဲ ဆက်လက်ဖမ်းဆီးထားခြင်းအပေါ်များစွာစိုးရိမ်ပူပန်ကြောင်း ဂျီအိုမဂ္ဂဇင်းအယ်ဒီတာအဖွဲ.က ကြေညာချက်တစ်ရပ်ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button