အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘူးသီးတောင်ရှိ ကျေးရွာတစ်ခုတွင် ဗုံးပေါက်ကွဲ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မိချောင်းဈေးကျေးရွာတွင် စက်တင်ဘာ ၂၂ နံနက် ၁ဝ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပေါက်ကွဲခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က ပြောသည်။

မွတ်စလင်အများစု နေထိုင်ရာ ထိုကျေးရွာရှိ ဗလီနှင့် ပေ ၃ဝ ခန့်အကွာတွင် ပေါက်ကွဲခြင်း ဖြစ်ပြီး ထိခိုက် သေဆုံးမှု ရှိမရှိ အတိအကျမသိရသေးကြောင်း ရဲမှူးသောင်းဝေက ပြောသည်။

“လူတွေဘာတွေ ထိသလား၊ မထိဘူးလားတော့ လောလောဆယ် အတည်ပြုလို့ မရသေးဘူးဗျ၊ သွားစစ်နေကြတုန်းပဲ။ ဘာမိုင်းအမျိုးအစားလည်း ကျွန်တော်တို့ မပြောနိုင်သေးဘူး။

မိုင်းရှင်းအဖွဲ့တွေလည်း သွားရှင်းနေကြတုန်းဆိုတော့ ဗုံးပေါက်တယ် ဆိုတာလောက်ပဲ အတည်ပြုလို့ရသေးတယ်” ဟု ရဲမှူးသောင်းငွေက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button