အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုပ်အားခသတ်မှတ်ချက် ၂ မျိုး အလုပ်သမားအဖွဲ့များ ကမ်းလှမ်း

ရန်ကုန် – အနည်းဆုံးလုပ်အားခ  သတ်မှတ်ချက်ကို အမြန်ဆုံးပြောင်းလဲရန်  အချိန်တန်ပြီဟု ရန်ကုန်ရှိ အလုပ်သမားအဖွဲ့များ စုပေါင်းထားသည့်  ကော်မတီတစ်ခုက အောက်တိုဘာ ၃ဝ တွင် တောင်းဆိုလိုက်သည်။

အလုပ်သမားအဖွဲ့ ၁၃ ဖွဲ့ဖြင့် စုစည်းထားသည့် အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမား အခွင့်အရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီက အစိုးရကို ထိုသို့ တောင်းဆိုကြောင်း သတင်းထောက်များကို ပြောသည်။

အနည်းဆုံးအခကြေးငွေသတ်မှတ်ရာတွင်လည်း ၅,၆ဝဝ ထက် မနည်းသည့် နှုန်းထားတစ်ရပ်ကို သတ်မှတ်ပေးရမည်ဟု အဆိုပါကော်မတီက တောင်းဆိုသည်။

အောက်တိုဘာ ၁၇ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)က အနည်းဆုံးလုပ်အားခကို ၆,၆ဝဝ သတ်မှတ်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ပြောကြားပြီး ရက်သတ္တပတ် ၂ ပတ်အကြာတွင် ကော်မတီ၏ တောင်းဆိုချက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“အနည်းဆုံးလုပ်ခကြေးငွေဥပဒေမှာ နှစ်နှစ်ကို အနည်းဆုံးတစ်ကြိမ်ပြောင်းရမယ်လို့ ပြောတယ်ဗျာ။ အခု သတ်မှတ်ကာလကျော်သွားပြီဗျာ။ ဒီကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေအားလုံးက တာဝန်ယူသင့်တယ်လို့ ကျွန်တော်မြင်တယ်” ဟု  လှိုင်သာယာမြို့နယ် အခြေစိုက်ပြီး အလုပ်သမားအခွင့်အရေး လုပ်ဆောင်နေသည့် တို့မျိုးဆက်ကွန်ရက်မှ ဒါရိုက်တာ ဦးနန္ဒာစစ်အောင်က ပြောသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအမျိုးသားကော်မတီမှ အဖွဲ့ဝင် ဦးဝင်းဇော်က အလုပ်သမားများဘက်မှ တောင်းဆိုသည့်နှုန်းထား၊  အလုပ်ရှင်များဘက်က ကမ်းလှမ်းသည့် နှုန်းထားတို့ကို ကော်မတီက ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

အနည်းဆုံးအခကြေးငွေ ၃,၆ဝဝ ပေးရန် သတ်မှတ်ချက်မှာ စက်တင်ဘာတွင် ၂ နှစ်ပြည့်ပြီဖြစ်သောကြောင့် နှုန်းထား ပြောင်းလဲရန် ပြင်ဆင်နေကြောင်း၊ ဒီဇင်ဘာတွင်  အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် သုံးဦးသုံးဖလှယ် ပါဝင်သည့် အစည်းအဝေးတစ်ရပ်အတွင်း နှုန်းထားသစ်ကို ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။

အလုပ်ချိန် ၈ နာရီကြာမည့် တစ်နေ့တာ လုပ်အားခ  နှုန်းထား သတ်မှတ်ပြီးသည့်အခါ အလုပ်ရှင်များ တိတိကျကျလိုက်နာဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု ဦးဝင်းဇော်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button