အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ခင်ဦးမြို့နယ်အတွင်း ကျေးရွာများ ဆက်လက်မီးရှို့ခံနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အနီးရှိ လောင်းရှည်ကျေးရွာ၊ လက်ပံလှကျေးရွာနှင့် မင်းကံကြီး ကျေးရွာတို့ကို ‌စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၃ရက်က မီးရှို့ဖျက်ဆီးခဲ့သည်။

လက်ပံလှကျေးရွာမှ အိမ်ခြေ ၂၀၀ကျော်နှင့် မင်းကံကြီးကျေးရွာမှ အိမ်ခြေ ၄၀ကျော် မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ ၆၀၀ကျော်ရှိသည့် လောင်းရှည်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့နေဆဲဖြစ်သဖြင့် ပျက်စီးမှုအရေအတွက် အတိအကျ မသိရသေးကြောင်း ဒေသခံများနှင့် ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ယနေ့ ပြောကြားသည်။

မီးရှို့ခဲ့ရသည့် ကျေးရွာများမှာ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်။

[youtube https://www.youtube.com/watch?v=JOLEiX4Kp8M]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button