အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုသိမ်ထောင်မှ နိုင်ကျဉ်း၏ဇနီး အဖမ်းခံရပြီး ထောင် ၆ လချခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဖမ်းဆီးခံရသည့် ဒေသခံ အမျိုးသမီးတစ်ဦးကို အကျဉ်းထောင်အတွင်းသို့ လက်ကိုင်ဖုန်း ပေးပို့သည်ဟု စွပ်စွဲကာ ဇန်နဝါရီ ဒုတိယပတ်အတွင်းက ထောင် ၆ လ ချလိုက်ကြောင်း သိရသည်။

မစန္ဒာအေး ဆိုသူ အမျိုးသမီးမှာ ထိုထောင်တွင် ထိန်းသိမ်းခံနေရသူ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဇနီးဖြစ်ကြောင်း၊ ပုသိမ်မြို့နယ်တရားရုံးက အကျဉ်းထောင်အက်ဥပဒေပုဒ်မ ၄၂ ဖြင့် ထောင်ချခြင်းဖြစ်သည်ဟု စုံစမ်း သိရှိရကြောင်း ပုသိမ်မြို့ပြပြောက်ကျား တာဝန်ရှိသူက ဆိုသည်။

“ထောင်တွင်း တရားမဝင်ပစ္စည်း ထည့်ဝင်မှုနဲ့ ထောင် ၆ လ ကျသွားပါပြီခင်ဗျ။ မစန္ဒာအေးကို မြို့နယ်တရားရုံးပေါ့နော်၊ မြတ်တိုရပ်ကွက်မှာရှိတဲ့ တရားရုံးက အမိန့်ချတာပါ” ဟု သူက ပြောသည်။

၃၈ နှစ်အရွယ် မစန္ဒာအေးကို ပုသိမ်မြို့ရှိ ၎င်း၏နေအိမ်၌ ဇန်နဝါရီ ၇ ရက်နေ့တွင် စစ်တပ်က သွားရောက် ဖမ်းဆီးခြင်းဖြစ်သည်၊ ထိုဖမ်းဆီးမှုသည် ပုသိမ်ထောင်တွင်း နိုင်ကျဉ်းများ ရိုက်နှက်ခံရမှုနှင့် ဆက်စပ်နေသည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထောင်အာဏာပိုင်များက ကိုဝင်းထွန်းနိုင် အပါအဝင် နိုင်ကျဉ်း ၈ ဦးကို ထောင်တွင်း ဆန္ဒပြမှုကြောင့် ဇန်နဝါရီလဆန်းပိုင်းတွင် ရိုက်နှက်ခဲ့သည်။

အကျဉ်းသားတစ်ဦးကို ကွပ်မျက်ရန် ကြိုးစင်ဆောက်နေသည်ဆိုသော သတင်းကြောင့် ထောင်အာဏာပိုင်များကို ကန့်ကွက်ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်နေ့တွင် အကျဉ်းသား ၆၀ ကျော် ရိုက်နှက်ခံရကာ ထိုအထဲမှ အသက် ၃၃ နှစ်အရွယ် နိုင်ကျဉ်း ကိုဝေယံဖြိုး သေဆုံးခဲ့သည်။

စစ်ကောင်စီကမူ နိုင်ကျဉ်းတစ်ဦးထံမှ တယ်လီဖုန်းတွေ့သဖြင့် သိမ်းဆည်းရာမှ အကျဉ်းသားများ ဆူပူခဲ့ကြောင်း၊ ထောင်အာဏာပိုင်များကို ရန်ပြုတိုက်ခိုက်စဉ် အချင်းချင်း ရိုက်နှက်မိသဖြင့် ကိုဝေယံဖြိုးသေဆုံးကြောင်း သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၃ တွင် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် ပုသိမ်ထောင်သို့ သွားရောက်ကာ ထောင်ဆူပါက ကိုင်တွယ်နိုင်ရန် ကြိုတင်စီမံချက်ရေးဆွဲရမည်ဟု ပြောခဲ့သည်။

အဓိကရုဏ်းဖြစ်ခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ယနေ့အထိ ပုသိမ်ထောင်တွင် ထောင်ဝင်စာပို့ခွင့် ပိတ်ထားပြီး နိုင်ငံရေးအမှုများကိုမူ ထောင်တွင်းတရားရုံး၌ ပြန်လည်စစ်ဆေးနေကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button