အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မလေးမူးယစ်မှုနှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ကို ရေသန့်စက်ရုံ ငြင်းဆို

(ရန်ကုန်) — မလေးရှားတွင် စံချိန်တင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ လာရာလမ်းကြောင်းတွင် ရန်ကုန်မြို့ Nice Guy ရေသန့်စက်ရုံအမည် ပါဝင်နေသည်ဟူသော ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ထိုစက်ရုံက မေလ ၇ ရက်နေ့တွင် ငြင်းချက်ထုတ်လိုက်သည်။

မူးယစ်ဆေးပို့သည်ဟု ရဲတပ်ဖွဲ့က ယူဆပြီး ဖမ်းဆီးထားသည့် မောင်မောင် ဆိုသူကိုလည်း သိကျွမ်းခြင်း မရှိကြောင်း လှည်းကူးမြို့နယ်ရှိ ရေသန့်စက်ရုံမှ တာဝန်ခံ ကိုမျိုးဇာနည်က ပြောသည်။

“ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့က ရေပို့တယ်၊ ရေထုတ်တယ်၊ ဒါပဲ သိတယ်” ဟု ကိုမျိုးဇာနည်က ပြောသည်။

ရဲတပ်ဖွဲ့က စက်ရုံကို လာရောက် စစ်ဆေးခဲ့သည်ဟုလည်း သူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်တို့ဆီမှာ ရှာဖွေတာပဲ၊ အပ်တိုတစ်စတောင် သူတို့မတွေဘူး၊ ကျွန်တော်တို့ လုပ်တာကလည်း ရေသန့်ပဲ လုပ်တယ်” ဟု ကိုမျိုးဇာနည်က ပြောသည်။

ရေသန့်လုပ်ငန်း ပိုင်ရှင်မှာ ဒေါ်သီတာမိုး ဖြစ်ကြောင်း၊ ကျန်းမာရေးဌာန၏ တရားဝင်ခွင့်ပြုချက်ရယူပြီး ရေသန့်လုပ်ငန်း လုပ်ကိုင်နေကြောင်း သူက ဆက်ပြောသည်။

မလေးရှားတွင် ဖမ်းဆီးရမိမှု

မြန်မာနိုင်ငံမှ သင်္ဘောဖြင့် ရောက်လာသည့် ကုန်သေတ္တာထဲတွင် crystal methamphetamine ခေါ် အိုက်စ် မူးယစ်ဆေး ပမာဏ အများအပြား မေ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု မလေးရှားအစိုးရက မေလ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

ထိုမူးယစ်ဆေးများမှာ အလေးချိန် ဒသမ ၂ တန်နီးပါး၊ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၈ သန်း ပေါက်ဈေး ရှိပြီး မလေးရှားတွင် ပမာဏာ အများဆုံး၊ တန်ကြေးအများဆုံး ဖမ်းဆီးရမိမှုဖြစ်သည်ဟု မလေးရှားအာဏာပိုင်တို့က ဆိုသည်။ ထိုမူးယစ်ဆေးတို့နှင့်အတူ ဘိန်းဖြူပမာဏ အနည်းငယ်လည်း ပါဝင်သည်ဟု ဆိုသည်။ ထိုပစ္စည်း ဖမ်းဆီးရမိမှုနှင့် ဆက်နွှယ်နေသည်ဟု ယူဆရသော မလေးရှားနိုင်ငံသား ၃ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦးတို့ကိုလည်း ဖမ်းမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရထားရသူများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအာဏာပိုင်တို့က ထပ်မံ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မြန်မာပြည်တွင်း အရေးယူမှု

ထိုအမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘက်တွင် အထူးအလေးထား ဆောင်ရွက်နေကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့နှင့် မူးယစ်အထူးရဲတပ်ဖွဲ့တို့လည်း ပူးပေါင်း လုပ်ကိုင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့၏ ဇွန် ၅ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် အမှုနှင့် ဆက်စပ်နေသည့် “အမျိုးသားတစ်ဦး”ကို ဇွန် ၂ ရက်နေ့တွင် ဖမ်းမိခဲ့သည်ဟု ဖော်ပြထားသည်။

ဇွန် ၆ ရက်နေ့တွင် ထပ်မံ သတင်းထုတ်ပြန်ရာ မောင်မောင် ခေါ် Hj Yassin ဆိုသူကို မေလ ၅ ရက်နေ့ ညက မန္တလေးတိုင်းဒေသကြီးတွင် ဖမ်းဆီးရမိသည်ဟု သတင်းတွင် ဖော်ပြထားသည်။ မောင်မောင်ကို အမှု၏ “အဓိကတရားခံ” ဟု ရဲသတင်းထုတ်ပြန်ချက်က ဆိုသည်။

ရဲတပ်ဖွဲ့က မောင်မောင်ကို ဆက်လက် ထိန်းသိမ်း စစ်ဆေးနိုင်ရန်အတွက် သတင်းထုတ်ပြန်သည့်နေ့တွင်ပင် ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် ချုပ်ရမန် ရယူခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles