အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သင်္ဃန်းကျွန်းပို့စ်မီဒီယာပို့စ်မှ သတင်းသမား၂ ဦးကို စစ်ကောင်စီ ထောင် ၅ နှစ်စီ ချ

သင်္ဃန်းကျွန်းပို့စ်မီဒီယာမှ အယ်ဒီတာများဖြစ်သည့် ကိုဝေလင်းယုနှင့် မထက်ထက်အောင်တို့ကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ ဖြင့် အင်းစိန်ထောင်တွင်းတရားရုံးက ထောင် ၅ နှစ်ကျခံစေရန် ယနေ့ (ဒီဇင်ဘာ ၁၆) တွင် အမိန့်ချလိုက်သည်။

အသက် ၃၀ ဝန်းကျင် သတင်းသမားနှစ်ဦးမှာ ၂၀၂၁  စက်တင်ဘာ ၁၁ တွင် ဖမ်းဆီးခံရစဉ် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိသည်ဟု စွပ်စွဲခံခဲ့ရကြောင်း မိသားစုတစ်စုက ပြောသည်။

“သူတို့လျှောက်လဲချက်တွေမှာ ဖမ်းခံရတဲ့နေရာက သူတို့အိမ်မဟုတ်ဘူး၊ သတင်းသွားယူတဲ့အိမ် ဖြစ်တဲ့အတွက် (အတူဖမ်းမိတယ်ဆိုတဲ့ ပစ္စည်းတွေက) သူတို့ပစ္စည်းတွေ မဟုတ်ဘူး၊ ဒီပုဒ်မနဲ့ စွဲထားတာကို အသက်ညှာဆုံး အမိန့်ချတယ်၊ အနည်းနဲ့အများတော့ ကျမှာပဲ၊ ဒီလောက်နဲ့ ကျေနပ်ရမှာပါ” ဟု အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်ချိန်တွင် ထောင်ဒဏ်ချမှတ်ခံရသော ၎င်းတို့နှစ်ဦးကို ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ပြုသည်ဟု သိရသည်။ လက်ရှိတွင် ကိုဝေလင်းယုသည် မျက်မှန်မလဲရသည့်အတွက် မျက်လုံးမှုန်နေသည်မှအပ နှစ်ဦးလုံးကျန်းမာရေးကောင်းမွန်သည်ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ က အမျိုးသားနေ့အထိမ်းအမှတ်ဟုဆိုကာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား ၆၀၀၀ နီးပါးကို စစ်ကောင်စီက ပြန်လွှတ်ခဲ့သည်။ ထိုအထဲတွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ၅၀ ကျော်အနက်မှ ၆ ဦး ပြန်လွတ်လာသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူလိုက်ပြီးနောက် သတင်းသမား ၃ ဦး သတ်ဖြတ်ခံထားရသည်။

ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၁၄၃ ဦး ရှိသည်ဟု အာဏာသိမ်းပြီးနောက် သတင်းမီဒီယာအခြေအနေကို လေ့လာ မှတ်တမ်းတင်နေသည့် Detained Journalists Information Myanmar အဖွဲ့၏စာရင်းအရ သိရသည်။ 

ဆက်လက် ဖမ်းဆီးခံထားရသူ သတင်းသမား ၄၈ ဦး ကျန်ရှိနေသည်။ 

သတင်းဌာန ၁၃ ခု လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ပိတ်သိမ်းသည်ဟု စစ်ဗိုလ်ချုပ်များက အမိန့်ထုတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button