အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ထောင် ၁၀ နှစ်ချခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးဆိုင်ရာ အရာရှိ ဦးအောင်နိုင်ဦးကို စစ်ကောင်စီ၏ နေပြည်တော်အချုပ်ထောင် အထူးတရားခွင်က အစိုးရလျှို့ဝှက်ချက်အက် ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် ယနေ့ (အောက်တိုဘာ ၁၃) တွင် ထောင် ၁၀ နှစ်ချလိုက်သည်။

၎င်းမှာ လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင် စစ်အာဏာရှင်ဟောင်းလက်ထက် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ နေအိမ်၌ အကျယ်ချုပ် ကျခံနေရစဉ်က ရဲအဖြစ် စောင့်ကြပ်ခဲ့ဖူးကာ ကိုသားငယ်ဟု လူသိများသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွင် ဦးအောင်နိုင်ဦးကို နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်၍ အာဏာသိမ်းပြီး ၁၀ လဝန်းကျင်အကြာ (၂၀၂၁ နိုဝင်ဘာ)တွင် စစ်ကောင်စီက ဦးအောင်နိုင်ဦးကို ဖမ်းကာ နေပြည်တော်အချုပ်ထောင်သို့ ပို့သည်။

ဦးအောင်နိုင်ဦးသည် အာဏာသိမ်းမှု ဆန့်ကျင်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ဦးကျော်မင်းယုနှင့် ဆက်သွယ်သည်ဟု ဆိုကာ ထောင် ၁၄ နှစ် ချနိုင်သည့် အထက်ပါအမှုအပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မ တစ်ခုဖြင့်ပါ  တရားစွဲခံရခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသက် ၅၀ အရွယ် ဦးအောင်နိုင်ဦးမှာ အကြမ်းဖက်ဥပဒေပုဒ်မကို ဆက်လက်ရင်ဆိုင်ရဦးမည်ဟု စုံစမ်း သိရှိရသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။

ဦးအောင်နိုင်ဦးမှာ NLD အစိုးရလက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” ဟုပင် ခေါ်သည်အထိ လေးလေးစားစား တာဝန်ထမ်းဆောင်သည်ကို တွေ့ရသည်ဟု ပါတီခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ယခုနှစ်ဆန်းပိုင်းတွင် ပြောထားသည်။

“(ဒေါ်အောင်ဆန်းစုကြည်) ခရီးစဉ်တွေမှာ အမြဲပါတယ်။ NLD ရုံးသွားမယ်ဆိုရင်တောင် သူက ၃၊ ၄ နာရီ ကြိုရောက်ပြီး လုံခြုံရေးအတွက် လိုအပ်တာတွေ လုပ်တယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး (ခ) ကိုသားငယ်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက အမှုပေါင်း ၁၉ မှု စွပ်စွဲကာ ၁၄ မှုဖြင့် ထောင် ၂၆ နှစ် ချပြီးဖြစ်သည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ တာဝန်ထမ်းဆောင်စဉ်က ဦးအောင်နိုင်ဦးနှင့်အတူ လုံခြုံရေးတာဝန်ယူခဲ့သူများကိုပါ စစ်တပ်က ဖမ်းကာ ထောင်ဒဏ်များချထားသည်။

ထိုအရာရှိများအနက် ထောင် ၃ နှစ်ထက်မနည်း ချခံရပြီးဖြစ်သည့် ရဲအုပ် ပြည့်ဖြိုးအောင်နှင့် ဒုရဲအုပ် ချယ်ရီထက်တို့မှာ ထင်ရှားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles