အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိကို ထောင်ဒဏ်ထပ်တိုး

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးဆိုင်ရာ အရာရှိအဖြစ် တာဝန်ထမ်းခဲ့သည့် ဦးအောင်နိုင်ဦး(ခ) ကိုသားငယ်ကို စစ်ကောင်စီက အကြမ်းဖက်မှု အားပေးကူညီမှုဆိုင်ရာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ယနေ့ (ဒီဇင်ဘာ၂၁) ရက်တွင် ထောင်ငါးနှစ် ထပ်မံချမှတ်လိုက်သည်။

နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးဖြစ်ပြီး ကိုသားငယ်ဟု လူသိများသူကို အာဏာသိမ်းပြီး ၁၀ လ ဝန်းကျင်အကြာ ၂၀၂၁ နိုဝင်ဘာတွင် စစ်ကောင်စီက ဖမ်းထားခြင်းဖြစ်ကာ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁) (ဂ) ဖြင့် အောက်တိုဘာ ၁၃ရက်တွင် ထောင် ၁၀ နှစ်ချပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိဟောင်းအပေါ်ပေါ် စစ်ကောင်စီချမှတ်သည့် ထောင်ဒဏ် စုစုပေါင်း ၁၅ နှစ်အထိ ရှိလာပြီဖြစ်သည်။

“ကိုသားငယ်ကို ပုဒ်မနှစ်ခုစလုံးအတွက် အမိန့်ချပြီးဆိုတော့ ရမည်းသင်းအချုပ်ထောင်ကို ပို့မယ်သို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုသားငယ်မှာ လွန်ခဲ့သော နှစ် ၃၀ဝန်းကျင် စစ်အာဏာရှင်ဟောင်းလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့နေအိမ်၌ အကျယ်ချုပ်ချထားစဉ်ကလည်း ရဲအရာရှိအဖြစ် စောင့်ကြပ်ခဲ့ဖူးသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့ချိန်တွင် ကိုသားငယ်မှာ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် လုံခြုံရေးအရာရှိ ဖြစ်လာသည်။

အာဏာသိမ်းမှု ဆန့်ကျင်မှုဖြင့် စစ်ကောင်စီက ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တိတ်တဆိတ်ကွပ်မျက်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ဦးကျော်မင်းယုနှင့် ဆက်သွယ်သည်ဟု ဆိုကာ ကိုသားငယ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုသားငယ်မှာ NLD အစိုးရလက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” ဟုပင် ခေါ်သည်အထိ လေးလေးစားစား တာဝန်ထမ်းဆောင်သည်ကို တွေ့ရသည်ဟု ပါတီခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ယခုနှစ်ဆန်းပိုင်းတွင် ပြောထားသည်။

NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၍ အာဏာသိမ်းချိန်တွင် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီး၊ ပုဒ်မများတပ်ကာ ထောင်ဒဏ် သတ်မှတ်နေသည်။ အလားတူပင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် အနီးကပ် လုံခြုံရေးတာဝန်ယူခဲ့သည့် ကိုသားငယ်နှင့် အခြားရဲအရာရှိများကိုပါ စစ်ကောင်စီက အလားတူအရေးယူထားသည်။

နေပြည်တော်အချုပ်ထောင်အတွင်း ယနေ့ပြုလုပ်သည့် တရားခွင်တွင် စစ်ကောင်စီက ရာဇဝတ်ဥပဒေ ပုဒ်မ ၄၀၉ ဖြင့် NLD အစိုးရ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူကို ထောင်တစ်နှစ်ခွဲ၊ နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို ထောင် နှစ်နှစ်ချမှတ်သည်။

ရာဇဝတ်ဥပဒေ ပုဒ်မ ၄၀၉ မှာ “ပြည်သူ့ဝန်ထမ်းဖြစ်စေ၊ ဘဏ်တိုက်စိုးဖြစ်စေ၊ ကုန်သည်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု” ဟု အဓိပ္ပာယ်ဖွင့်ထားသည်။ ဦးမင်းသူနှင့် ဦးရဲမင်းဦးတို့ မည်သည့်အကြောင်းဖြင့် ထိုပုဒ်မဖြင့် စွပ်စွဲခံရသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button