အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လက်နက်ပွဲစားတစ်ဦးဖြစ်သည့် ဒေါက်တာထွန်းမင်းလတ် ထိုင်းတွင် အဖမ်းခံရ

စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူတင်သွင်းပေးနေသည့် လက်နက်ပွဲစားတစ်ဦးဖြစ်သည့် ဒေါက်တာထွန်းမင်းလတ်ကို ထိုင်းအာဏာပိုင်များက ယခုလ ၁၇ ရက်တွင် ဘန်ကောက်မြို့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ထိုနေ့ နံနက် ၆ နာရီခန့်တွင် ထိုင်းအစိုးရနှင့် အမေရိကန်၏ နာမည်ကျော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (DEA) တို့ ပူးပေါင်း ဖမ်းဆီးခြင်းဖြစ်ကာ ဒေါက်တာထွန်းမင်းလတ်နှင့်အတူ ထိုင်းနိုင်ငံသား သုံးဦးလည်း အဖမ်းခံရသည်ဟု စုံစမ်းသိရှိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အဖမ်းခံရသည့် ဒေါက်တာထွန်းမင်းလတ်သည် မူးယစ်ဆေးနှင့် ပတ်သက်သည့် ပြစ်မှုများကို ကျူးလွန်ရန် ပူးပေါင်းကြံစည်နေသူဖြစ်ကာ မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုများဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

ထို့ပြင် ၎င်းသည် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချရာမှ ရရှိငွေများကို တာချီလိတ်မြို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှတစ်ဆင့် ငွေကြေးခဝါချရန် ကြိုးပမ်းနေသည်ဟု ထိုင်းနိုင်ငံရှိ သတင်းရင်းမြစ်ထံက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Star Sapphire အမည်ရ ကုမ္ပဏီအုပ်စုပိုင်ရှင်ဖြစ်သူ ဒေါက်တာထွန်းမင်းလတ်သည်ဟု အစ္စရေးနှင့် တရုတ်နိုင်ငံမှနေ၍ စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူတင်သွင်းပေးနေသူဖြစ်ကြောင်း Justice For Myanmar အဖွဲ့က ယခုနှစ် ဧပြီလအတွင်း ထုတ်ပြန်ထားသည်။

ဒေါက်တာထွန်းမင်းလတ်သည် အာဏာသိမ်းခေါင်းဆောင် မိသားစုနှင့် ပတ်သက်ဆက်နွှယ်နေပြီး စစ်တပ်၏ လက်နက်အရောင်းအဝယ်၊ စီးပွားရေးလုပ်ငန်းများတွင် ကြားပွဲစားအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ လွှတ်တော်အမတ်တစ်ဦးနှင့် စီးပွားဖက်များဖြစ်ကြောင်းလည်း သိရသည်။​

၎င်းပိုင် Star Sapphire ကုမ္ပဏီသည် ၂၀၀၁ ခုနှစ်ကတည်းက သတ္တုတူးဖော်ရေးလုပ်ငန်းများကို စစ်တပ်နှင့် အကျိုးတူလုပ်ကိုင်ခဲ့ကြောင်း၊ မင်းအောင်လှိုင်၏ သားသမီးတစ်ဦးဖြစ်သည့် ခင်သီရီသက်မွန် ပါဝင်ပတ်သက်နေကြောင်းလည်း စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ဆိုသည်။​

ထို့ပြင် ဒေါက်တာထွန်းမင်းလတ်၏ ဖခင်မှာ ဗိုလ်မှူးကြီးခင်မောင်လတ်ဖြစ်ပြီး ၎င်းသည် စစ်တပ်ပိုင် အဓိကစီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်မှ ဒါရိုက်တာဟောင်းတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။​

လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ပိုင် Star Sapphire ကုမ္ပဏီလုပ်ငန်းစုသည် ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် လျှပ်စစ်ဓာတ်အားစီမံကိန်းများ လုပ်ကိုင်ခွင့် ရရှိထားသည်ဟု သိရသော်လည်း အသေးစိတ် မသိရသေးပေ။

၎င်း၏ ဇနီးဖြစ်သူမှာ ဒေါက်တာဝင်းမင်းမိုးဖြစ်ပြီး ဉာဏ်မင်းလတ်နှင့် ရှိန်းမင်းလတ်ဆိုသည့် သားနှစ်ဦးရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသော်လည်း သီးခြား အတည်မပြုနိုင်ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button