အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လယ်ယာမြေပြဿနာကို အစိုးရက အသေအချာမကိုင်တွယ်ဟု လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

ရန်ကုန် –  လယ်ယာမြေပြဿနာရပ်များနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ခြင်းမရှိဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဝေဖန်လိုက်သည်။

HRW က ‘ကျွန်ုပ်တို့၏မြေယာအတွက် မည်သည့်အရာမျှမရ – မြေယာသိမ်းဆည်းမှုကြောင့် မြန်မာ့လယ်သမားများ၏ ထိခိုက်နစ်နာမှုများ’ ဟု အမည်ပေးထားသည့် စာမျက်နှာ ၃၃ မျက်နှာပါ အစီရင်ခံစာကို ယနေ့ (ဇူလိုင် ၁၇ ရက်) တွင် ထုတ်ပြန်ခဲ့ပြီး ယင်းကဲ့သို့ ဝေဖန်လိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ များလာတာ၊ ပညာတတ်မြောက်မှုနူန်း နည်းလာတာ စတာတွေဟာ လယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို အစိုးရက အဖြေရှာနိုင်ဖို့လိုတယ်” ဟု HRW ၏ အာရှဒေသဆိုင်ရာ သုတေသနအရာရှိ မစ္စတာ ရစ်ချတ် ဝီးယားက အဆိုပါအစီရင်ခံစာ မိတ်ဆက်ပွဲတွင် ပြောသည်။

ရှမ်းပြည်နယ်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လယ်သမား ၃၉ ဦးကို တွေ့ဆုံမေးမြန်းခဲ့မှုအရ ၎င်းတို့၏မြေယာများကို ဆုံးရှုံးခဲ့ရသည့်အတွက် ကျန်းမာရေးနှင့် စားဝတ်နေရေးအပြင် သားသမီးများ၏ ပညာရေးများပါ ခက်ခဲပြတ်တောက်ခဲ့ကြောင်း၊ သိမ်းဆည်းမှုအများစုမှာ တပ်မတော်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ဒီဇင်ဘာလက ထုတ်ပြန်ထားမှုအရ စိစစ်ရမည့်တိုင်ကြားစာပေါင်း ၁၂၄၄၂ မှုတွင် ဆက်လက်ဆောင်ရွက်ရန် ၉၉၂၂ မှု ကျန်ရှိနေသေးသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆင် က “အစိုးရကော်မတီဟာ အောက်ခြေကနစ်နာသူတွေကို ကိုယ်စားပြုမှု၊ သူတို့အသံကို နားထောင်မှုတွေဟာ အားရစရာ မရှိပါဘူး” ဟု ပြောသည်။

သို့သော် မြန်မာအစိုးရက ၂၀၁၈ ခုနှစ် မတ်လတွင် လယ်ယာမြေနှင့်အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီ (ဗဟို) ၏ မူဝါဒ ၅၂ ချက်ပါ ထုတ်ပြန်ချက်ပြီး မြေသိမ်းခံတောင်သူများအတွက် မြေပြန်လည်ရရှိရန် ဆောင်ရွက်မည်ဟု ကြေညာထားသည်။

ယင်းမူဝါဒများတွင် တပ်သိမ်းမြေများ၊ စွန့်လွှတ်မြေများ သက်ဆိုင်သူလက်ဝယ် အမြန်ရောက်ရှိရေး၊ သိမ်းဆည်းမြေများ စိစစ်ရန်၊ စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်းမြေများ စိစစ်ရန် စသည့် ခေါင်းစဉ်များ ပါဝင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button