အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျိုက်ထိုတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်မှုကြောင့် ရဲနှစ်ဦးသေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် ယနေ့ (ဩဂုတ် ၁၅) နံနက် ၉ နာရီခန့်က အိမ်စီးကားဖြင့် လာသည့် ရဲ ၂ ဦး တော်လှန်ရေးပူးပေါင်းအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။

မရမ်းချောင်ရွာမှ ကျိုက်ထိုမြို့ဘက်သို့ Toyota Wish အဖြူရောင်ဖြင့် လာမည်ဟု ကြိုတင်သတင်းရ၍ အင်္ဂဘိုကျေးရွာ လက်ပံပင်သင်္ချိုင်းနှင့် ကျိုက်ထီးရိုးလေးလမ်းဝကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် Kyaikhto Revolution Force (KRF) တို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူနှစ်ဦးမှာ မရမ်းချောင်နယ်ထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းနှင့် ရဲတပ်သားတစ်ဦးဖြစ်ပြီး ကားပေါ်တွင်ပါလာသည့် အရပ်သားတစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း KRF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“(ဒဏ်ရာရတဲ့) တစ်ယောက်က တရားခံလို့ပြောတယ်၊ လက်ထိတ်ခတ်ထားတယ်။ တရားခံအမျိုးသားကတော့ စိုးရိမ်တဲ့ဒဏ်ရာ ရသွားတယ်။ သူက ကားထဲမှာဆိုတော့ အကုန်လုံး ရောနေတော့လေ၊ လက်နက်ငယ်နဲ့ ကားထဲကို ပစ်ထည့်တာဆိုတော့ စိတ်တော့မကောင်းဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒဏ်ရာရသည့် ထိုအရပ်သား၏ နောက်ဆက်တွဲအခြေအနေကို စုံစမ်း၍ မရသေးပေ။

“အခုက လက်ရှိ သူတို့ကုန်ကားနဲ့ စစ်သားတစ်ဖွဲ့ လာချထားတယ်လို့ သတင်းကြားတယ်၊ အခင်းဖြစ်တဲ့နေရာမှာပေါ့။ စစ်သားတွေလာချပြီး ပိတ်ဆို့စစ်ဆေးနေတုန်းပဲ” ဟု KRF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ကလည်း မရမ်းချောင်‌ကျေးရွာအနီး အင်အား ၃၀ ဝန်းကျင်ရှိ စစ်တပ်ကင်းစခန်းတစ်ခုကို KNU/KNLA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ရင်း (၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution and Information Network ထံမှ သိရသည်။ 

ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်နေသည့် ကျိုက်ထိုမြို့နယ်တွင် ဩဂုတ်လ ၄ ရက်နေ့ကစပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ကြောင်း၊ ဩဂုတ် ၁၁ တွင် သံဃာနှစ်ပါး ဆိုင်ကယ်အတူမစီးရန် ထပ်မံကြေညာကြောင်း၊ အစစ်အဆေး တင်းကျပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် မွန်ပြည်နယ်အတွင်းမှ ဒေသများလည်း ပါဝင်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles