အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ပျော်ပွဲရွှင်ပွဲ ထောင်ချောက် နဲ့ မြို့ပေါ်က စစ်မှုထမ်း အဓမ္မ ဖမ်းဆီးမှုများ

စစ်ရှုံးမှုတွေကြောင့် ပြုန်းတီးသွားတဲ့ စစ်အင်အားကို ပြန်ဖြည့်ဖို့နဲ့ နယ်မြေစိုးမိုးမှု ပြန်ရဖို့အတွက် စစ်ကောင်စီဟာ ၂၀၂၆ ခုနှစ်အတွင်းမှာ ပျော်ပွဲရွှင်ပွဲ တွေကို ထောင်ချောက်အဖြစ် သုံးပြီး လူငယ်တွေကို အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ 

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပြီးမှာ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်က လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပစ်မှတ်ထား ဖမ်းဆီးမှုတွေများလာတာလို့  မြို့ခံတွေက ဆိုပါတယ်။ 

ထားဝယ်မြို့ပေါ် တခုတည်းမှာကို တည လူငယ် ၃၀ နဲ့ ၄၀ ကြား အထိ အဖမ်းခံနေရပြီး ကျောင်းသားအရွယ်တွေပါ အပြင်မထွက်ရဲတော့တဲ့အထိ စိုးရိမ်စရာ ဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းပြီး သင်တန်းတစ်ခုကို လူ ၅၀၀၀ နှုန်းနဲ့ စုဆောင်းမယ်လို့ စစ်တပ်က ထုတ်ပြောထားပါတယ်။ ၂နှစ်တာအတွင်း သင်တန်းအမှတ်စဉ် ၂၂ အထိ ခေါ်ယူပြီးဖြစ်တာကြောင့် တပ်သားသစ် ၁သိန်းကျော် စုဆောင်းထားပြီးဖြစ်တယ်လို့ ယူဆရပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သတင်း/တင်ဆက်-သဇင်လှိုင်    ရိုက်ကူး-မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button