အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ် ဖမ်းသွားသည့် ရှမ်းနီလူငယ်နှင့် မိတ်ဆွေ၏ အသက်အန္တရာယ်ကို စိုးရိမ်နေ

မန္တလေးမြို့သို့ သွားရောက်ဆေးကုသနေစဉ် ဖမ်းဆီးခံလိုက်ရသည့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှ တက်ကြွလှုပ်ရှားသူ ရှမ်းနီလူငယ်နှင့် သူ့မိတ်ဆွေတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဩဂုတ် ၁ ရက်က မဟာအောင်မြေမြို့နယ်ရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် ဆေးကုသရန် စောင့်ဆိုင်းနေသည့် ကိုကျော်ဝင်းစိန်နှင့် ၎င်း၏မိတ်ဆွေအမျိုးသမီးကို စစ်ကောင်စီက ဖမ်းလိုက်ခြင်း ဖြစ်သည်။ 

“သူ့ကို အဆက်အသွယ်မရလို့ စုံစမ်းကြည့်တော့မှ အဖမ်းခံရတာ သိလိုက်ရတာ။ သူရဲ့မိတ်ဆွေအမျိုးသမီးကိုပါ ဖမ်းသွားတယ်။ သူတို့က ဆေးကုသဖို့ စောင့်နေရင်း လာအဖမ်းခံရတာ။ ဖြစ်စဉ်အသေးစိတ်တော့ မသိရသေးဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ဟုမ္မလင်းမြို့ နောင်ပကျစ်တောင်ပေါ်ရပ်ကွက်နေ အသက် ၃၀ ဝန်းကျင်အရွယ် ကိုကျော်ဝင်းစိန်ကို ယမန်နေ့ ဩဂုတ် ၂ နံနက်အစောပိုင်းက ဟုမ္မလင်းတပ်စခန်းသို့ ပို့ဆောင်စစ်ဆေးနေသည်ဟု ကြားသိရကြောင်း၊ မိတ်ဆွေအမျိုးသမီး မည်သည့်နေရာတွင် ထိန်းသိမ်းခံရသည်ကို မသိရသေးကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဟုမ္မလင်းဒေသခံနောက်တစ်ဦးက ကိုကျော်ဝင်းစိန်သည် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများတွင် ပါဝင်မှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း၊ သို့သော်လည်း စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျူစောထီးများကလည်း ၎င်းကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ဖူးကြောင်း ပြောသည်။

ယမန်နှစ် အောက်တိုဘာ၂၄ ရက်နေ့က ဟုမ္မလင်းမြို့တွင် ကိုကျော်ဝင်းစိန်၏ မရီးဖြစ်သူ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာမ မမေနှင်းအေးသည် နေအိမ်တွင်ရှိနေခိုက် ပျူစောထီးလက်နက်ကိုင်သုံးဦး၏ သတ်ဖြတ်ခြင်းခံရသည်။

“၂၀၂၀ အတွင်းမှာပဲ ဟုမ္မလင်းပျူစောထီးခေါင်းဆောင် အသတ်ခံရတယ်။ အဲဒီအမှုကို ကိုကျော်ဝင်းစိန်ကို သံသယရှိပြီး ပျူစောထီးအဖွဲ့က ခြိမ်းခြောက်ခဲ့တယ်။ သူက ဆန္ဒပြမှုနဲ့ ရှောင်တိမ်းနေတဲ့အချိန် နေအိမ်မှာရှိနေတဲ့ သူ့မရီးကို သတ်ခဲ့တယ်။ အဲဒီတုန်းက ပျူစောထီးအဖွဲ့က သူတို့သတ်ကြောင်း ထုတ်ပြန်ခဲ့တယ်” ဟု ထိုသူက ဆိုသည်။ 

ထိုဒေသတစ်ဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) လှုပ်ရှားနေသည်။

SNA သည် စစ်ကောင်စီကို ဆန့်ကျင်သည့်အဖွဲ့များနှင့် တိုက်ပွဲဖြစ်နေသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ က ဟုမ္မလင်းမြို့နယ်တွင် CDM မူလတန်းကျောင်းအုပ်တစ်ဦး အသတ်ခံရပြီး ၎င်းကို ဖမ်းဆီးသူများတွင် SNA အဖွဲ့ဝင်တစ်ဦး ပါဝင်ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောထားသည်။ 

အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းအပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီ၏လူမဆန်သော စစ်ကြောရေးငရဲခန်းများအတွင်း အသက်သေဆုံး၊ အလောင်းပင်ပြန်မရသည့် ဖြစ်စဉ်များစွာရှိသည့်အတွက် ကိုကျော်ဝင်းစိန်နှင့် မိတ်ဆွေအမျိုးသမီး၏ အသက်အန္တရာယ်အတွက် မိသားစုနှင့် မိတ်ဆွေများက စိုးရိမ်နေကြသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button