အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အစိုးရ မြေသိမ်းသည်ဟုဆိုကာ လွိုင်ကော်တွင် ဆန္ဒပြ

ကယားပြည်နယ် လွိုင်ကော်မြို့မှ ဒေသခံ ၁၀၀ ခန့်သည် ၎င်းတို့နေထိုင်သည့် ခြံဝင်းများကို သာသနာ့နယ်မြေ ပြုလုပ်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြည်နယ်အစိုးရက သိမ်းယူခဲ့ကြောင်း စွပ်စွဲခဲ့ပြီး အဆိုပါလုပ်ရပ်ကို ကန့်ကွက် ကြောင်း ယနေ့နံနက်ပိုင်းတွင် မြို့တွင်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့ နန့်ဘော်ဝမ်ရပ်ကွက်၊ မြကလပ်တောင်ခြမ်း အုပ်စု၉(က) ရှိ မြေဧရိယာ အချို့ကို အများပိုင်သာသနာ့နယ်မြေအဖြစ် အစိုးရက သတ်မှတ်ခဲ့ခြင်းကြောင့်အိမ်ခြေ ၁၅၀ ခန့်သည် အဆိုပါဧရိယာ အတွင်းမှ စွန့်ခွာသွားရဖွယ်ရှိကြောင်း ဆန္ဒပြသူများက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ရဲ့အိုးအိမ်တွေကို ကျွန်တော်တို့ရဲ့ ချွေးနှဲစာနဲ့ တည်ဆောက်ထားခြင်းဖြစ်တယ်။ လက်ရှိ မြေသိမ်းနေတဲ့ ပြဿနာမှာ အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းကြောင့် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေရခြင်းဖြစ်ပါ တယ်”ဟု ဒေသခံကိုအောင်နိုင်ဝင်းက ပြောသည်။

ခန့်မှန်းဧရိယာ ဧက ၂၀ ခန့်တွင်းတွင် ဆောက်လုပ်ထားသည့် အဆိုပါနေအိမ်များတွင် ၁၉၇၅ ဝန်းကျင်းကတည်းက နေထိုင်သူလာခဲ့ကြသူများလည်းရှိပြီး သာသနာ့နယ်မြေ သတ်မှတ်ကြောင်း အစိုးရက လွန်ခဲ့သည့် ၂ နှစ်က စတင် ကြေညာခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြပြည်သူများက ပြောသည်။

၎င်းတို့သည် စက်တင်ဘာ ၂၃ ရက်ကလည်း ပထမအကြိမ် ဆန္ဒပြခဲ့ကြသည်။

“ပြည်သူက ရှိလို့ ဝယ်ကြတာမဟုတ်ဘူး။ နေဖို့အိမ်တကွက်ကို မနည်းရှာထားရတာ။ ဒါကို အစိုးရအနေနဲ့ ငဲ့ညှာသင့်တယ်။ ဒါကို အဆင်ပြေအောင် ဖြေရှင်းပေးရမှာ အစိုးရတာဝန်ဘဲ” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF)က ခွန်သောမတ်စ်က ပြောသည်။

လက်ရှိ အချိန်တွင် နေရာများမှ ဖယ်ရှား ပေးရခြင်း မရှိသေးသော်လည်း ပြည်သူများအတွက် မည်သည့် အာမခံချက်မျှ မရှိခြင်းကြောင့် အစိုးရအနေဖြင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးလာသည်အထိ ဆက်တိုက် ဆန္ဒပြသွားမည်ဟု ၎င်းက ပြောသည်။

အဆိုပါမြေ မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး စက်တင်ဘာလအတွင်းက ပြည်နယ်အစိုးရ စီမံ/ဘဏ္ဍာဝန်ကြီး ဦးမော်မော် နှင့် ယင်းမြေနေရာတွင် နေထိုင်သူများ၏ ဦးဆောင်ကော်မတီဝင်များ တွေ့ဆုံခဲ့ကြသော်လည်း ပြေလည်မှုမရဟု ဦးဆောင်ကော်မတီဝင် ခူးကြူးဖဲကေး ကMyanmar Now ကို ပြောသည်။

“( ဝန်ကြီးက) မိုးတွင်းတောင် သနားလို့ ပေးနေတာပါ။ မိုးကုန်ရင် ဖယ်ပေးရမယ် (လို့ပြောတယ်)” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button