ရုပ်သံ

ဖရူဆိုတွင် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ ၁၅ ဦးသေဆုံးပြီး ယာဉ်လေးစီးပျက်စီး

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ယမန်နေ့ (မေ ၇) က စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ ယာဉ်လေးစီးဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။

စစ်ကားအစီး ၂၀ ကျော် ပါဝင်သော ယာဉ်တန်းကို နံနက် ၈ နာရီခွဲတွင် ကြားဖြတ်တိုက်ခိုက်စဉ် ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကားလေးစီးကို မီးရှို့ဖျက်ဆီးနိုင်ကာ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ခဲ့သည်ဟုလည်း KNDF တပ်ရင်း ၄ ၏ ယနေ့ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် နံနက် ၁၁ နာရီကျော်တွင် စစ်ကူရောက်ရှိလာသော စစ်တပ်နှင့် တိုက်ပွဲထပ်ဖြစ်စဉ် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ နှစ်ဦးကို အရှင်ဖမ်းမိကြောင်းလည်း KNDF က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/iX0t_EL_lS4]

Show More

Related Articles

Back to top button