အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းစိန် GTI အနီး စည်းကမ်းမဲ့ အညစ်အကြေးစွန့်သဖြင့် YBS ကားဂိတ် ပြောင်းပေးခဲ့ရ

ရန်ကုန်၊ နိုဝင်ဘာ ၆ — အင်းစိန် အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းအနီး ဂိတ်ထိုးသည့် YBS ၈၈ ယာဉ်လိုင်းမှ ဝန်ထမ်းအချို့သည် ကျောင်းအနီး မကြာခဏ အညစ်အကြေး စွန့်လေ့ ရှိကြောင်း အဝေဖန်ခံရပြီးနောက် အဆိုပါနေရာတွင် ဂိတ်ထိုးထားခြင်းကို ယနေ့တွင် ရွှေ့ပြောင်းပေးခဲ့ရသည်။

ဒဂုံတက္ကသိုလ်မှ အင်းစိန် GTI သို့ ပြေးဆွဲနေသည့် YBS ၈၈ ယာဉ်လိုင်းသည် အင်းစိန် GTI ကျောင်း၏ ပင်မဆောင်အနီးတွင် ကားဂိတ်ထားရှိသော်လည်း ကားဂိတ်တွင် သန့်စင်ခန်းများ မရှိခြင်းကြောင့် ကျောင်းပရိဝုဏ်သန့်ရှင်းမှုကို များစွာထိခိုက်နေခြင်း အင်းစိန် GTI ကျောင်းအုပ်ကြီး ဦးမြတ်ကို က Myanmar Now ကို ပြောသည်။

“သန့်စင်ခန်းမရှိဘဲနဲ့ ကားဂိတ်တစ်ခုထားတယ်ဆိုတာ မဖြစ်သင့်ဘူး။ သန့်စင်ခန်းတွေ မရှိတော့ ကျောင်းဘေး တွေမှာပဲ မစင်စွန့်ကြတယ်။ အနံ့အသက်လည်း မကောင်းဘူး၊ လူမြင်လို့လည်း မကောင်းဘူး” ဟု ကျောင်းအုပ်ကြီးက ပြောသည်။

အဆိုပြဿနာအပါအဝင် ကျောင်းဝင်ပေါက်များတွင် ကားများ အချိန်ကြာမြင့်စွာ ပိတ်ဆို့ရပ်တန့်ထားမှုများကို မြို့နယ်ဌာန ပေါင်းစုံ စီမံကိန်းအစည်းအဝေးတွင် မကြာခဏ တင်ပြခဲ့ရ ကြောင်း ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အင်းစိန် GTI ဘက်က ကန့်ကွက်ခဲ့သဖြင့် ကားဂိတ်ကို နောက်တစ်မှတ်တိုင် နောက်ဆုတ်မည်ဟု ယာဉ်လိုင်းကုမ္ပဏီ၏ တာဝန်ခံက Myanmar Now ကို ပြောသည်။

YBS – 88 ခရီးစဉ်လမ်းကြောင်းသည် ဒဂုံတက္ကသိုလ်မှ ပြည်တော်သာ (အင်းစိန်GTI) လမ်းကြောင်းကို ၂၀၁၇ ခုနှစ်မှစ၍ ကားစီးရေ ၅၀ ဖြင့် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button