သတင်း

ရခိုင်မြောက်ပိုင်းတွင် တပ်နှင့်AA တိုက်ပွဲများ ပိုမိုပြင်းထန်လာ

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး နှစ်ဖက်စစ်သည်များလည်း ကျဆုံးခဲ့ကြသည်။

မြောက်ဦး၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား ယမန်နေ့ကတည်းက စတင်ခဲ့သည့် တိုက်ပွဲများသည် ယနေ့ နေ့လယ်ပိုင်းအထိ ဖြစ်ပွားလျက်ရှိသည်။

ကျောက်တော်မြို့ အရှေ့ဘက် မိုင်ခန့်အကွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက AA တပ်ဖွဲ့ဝင် ၁၀၀ ခန့်နှင့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ပွဲများအတွင်း AA တပ်သား ဦး၏ ရုပ်အလောင်း နှင့် လက်နက်အချို့ သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့ဘက်မှလည်း ထိခိုက်ဒဏ်ရာရခဲ့သည်များ ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြောက်ဦး၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များတွင် တပ်မတော်နှင့် ၎င်းတို့အကြား နှစ်ရက်အတွင်း ပြင်းထန်သည့်တိုက်ပွဲ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း AA ပြောခွင့်ရအရာရှိ ခိုင်သုခက ပြောသည်။ အဆိုပါတိုက်ပွဲများအတွင်း AA တပ်သား အနည်းဆုံး ဦး သေဆုံးကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားနေကြပြီး လာမည့်ရက်များအတွင်း ပြင်းထန်သည့်တိုက်ပွဲများ နေရာအတော်များများတွင် ဖြစ်လာနိုင်ကြောင်း AA ပြောခွင့်ရအရာရှိက ခန့်မှန်းခဲ့သည်။

သူတို့က အပြင်းအထန် ထိုးစစ်ဆင်လာရင် ကျွန်တော်တို့က ခုခံရုံကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူးဟု ၎င်းက ဆိုသည်။

တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ် မင်းဖူးရွာမှ ရွာသားများမှာ နီးစပ်ရာရွာများသို့ ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း ရခိုင်စစ်ဘေးရှောင်များအရေး ကူညီပေးနေသည့် ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ခိုင်ကောင်းစံက ပြောသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ဖေဖော်ဝါရီ ၁၈ ရက် ထုတ်ပြန်ချက်အရ ယမန်နှစ် ဒီဇင်ဘာလမှစတင်သည့် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲစဉ်များကြောင့် ရခိုင်စစ်ဘေးရှောင်အရေအတွက် ၅၅၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button