အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

FDA ညွှန်ချုပ်အမှု အဓိကသတင်းပေးကုမ္ပဏီဝန်ထမ်းကို မစစ်ဖြစ်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဗိုလ်မှူး ဒေါက်တာသန်းထွဋ်ကို ကျပ်သိန်းထောင်ချီ ခြစားမှု စွပ်စွဲချက်ဖြင့် စစ်ဆေးနေသည့် ရုံးချိန်းတွင် တရားလိုပြသက်သေဖြစ်သည့် ကိုင်ရိုဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းကို ယနေ့ မန္တလေးခရိုင် တရားလွှတ်တော်တွင် စစ်ဆေးရန်ရှိသော်လည်း ၎င်းမလာရောက်သဖြင့် မစစ်ဆေးနိုင်ခဲ့ပါ။

ကိုင်ရိုကုမ္ပဏီမှ အိုင်တီပညာရှင်ကိုနေလင်းအောင်သည် လွန်ခဲ့သည့်နှစ်က နေပြည်တော်မှအပြန် ကားအတူစီးလာသည့် ခရီးသွားဖော် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာခွန်ဝင်းသောင်းကို FDA ခြစားမႈအကြောင်း သတင်းပေး ပြောဆိုခဲ့သူဖြစ်သည်။

ကိုနေလင်းအောင်ကမူ တရားရုံးသို့ဆင့်ခေါ်စာ ၎င်းထံမရောက်ရှိသည့်အတွက် မလာရောက်ခြင်းဖြစ်ကြောင်း Myanmar Nowကို ဖုန်းဖြင့်ပြောကြားသည်။

ကိုနေလင်းအောင်က လွှတ်တော်အမတ်ကို သတင်းပေးခဲ့ပုံ အပြည့်အစုံကိုအောက်ပါလင့်ရှိ #Myanmar_Now အင်တာနက်စာမျက်နှာတွင် ဖတ်ရႈနိုင်ပါသည်။

နေပြည်တော်အမြန်လမ်းပေါ်တွင် FDA ငါးကြီးကို ဖမ်းမိခြင်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button