
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သောကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစတင်ပြီး ယခုအချိန်အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
မိုးဗြဲမြို့တိုက်ပွဲအခြေအနေက ဘယ်လိုရှိနေပါသလဲ၊ တိုက်ပွဲကာလကြာသည်နှင့်အမျှ မည်ကဲ့သို့ပြင်ဆင်ရန် လိုအပ်မလဲ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ၏ နယ်မြေစိုးမိုးထားနိုင်မှု ဘယ်လောက်ရှိနေသလဲ စသည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/3kFWDXCV6MA]