ရုပ်သံသတင်း

CDM မီးရထားဝန်ထမ်းများ လိုင်းခန်းမှ ယနေ့ အပြီးဖယ်ပေးရမည်

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသည့် ရန်ကုန်မြို့ မလွှကုန်းဘူတာက မီးရထားဝန်ထမ်းများသည့် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဝန်ထမ်းလိုင်းခန်းမှ အပြီးဖယ်ပေးနေရပါသည်။

မလွှကုန်းမီးရထာလိုင်းခန်းအပြင် ရန်ကုန်အခြားမြို့နယ်များရှိ မီးရထားလိုင်းခန်းများတွင်လည်း CDM ဝန်ထမ်းများကို လိုင်းခန်းမှ ဖယ်ပေးရန် စာကပ်သတိပေးမှုများရှိနေပါသည်။ CDM ပြုလုပ်ထားသည့်ဝန်ထမ်းများသည် အသက်အရွယ်အရသာမက CDM ပြုလုပ်ထားသည့်အတွက်ကြောင့်ပါ လုပ်ငန်းရှင်များက အလုပ်မခန့်သဖြင့် အလုပ်ရှာဖွေရခက်ခဲကြောင်း မီးရထား CDM ဝန်ထမ်းများက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/A1cufGWAAXA]

Show More

Related Articles

Back to top button