
မကွေးတိုင်း၊ ဆောမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသည့် နေရာများကို ယနေ့ (ဖေဖော်ဝါရီ ၄) နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ပြီး ဌာနဆိုင်ရာ၊ စစ်ကောင်စီတို့နှင့် ပတ်သက်သည့် အဆောက်အအုံ ၇ လုံး မီးလောင်သွားသည်ဟု ကာကွယ်ရေးအဖွဲ့ (PDF) များထံမှ သိရသည်။
စစ်သားအင်အား ၁၃၀ ဝန်းကျင် တပ်စွဲထားသည့် ဦးဖိုးလှိုင်ခန်းမ၊ ရဲစခန်းကုန်း တို့ကို နံနက် ၅ နာရီမတိုင်မီ လက်နက်ကြီး၊ လက်နက်ငယ်များသုံး၍ တိုက်ရာ တိုက်ပွဲ တစ်နာရီနီးပါးကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်ဟု Saw PDF တပ်ရင်း ၂ တပ်ရင်းမှူး ကိုမွန်ဂိုက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/JekQea1PRP8]