
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တိတ်ဆိတ်ခြင်းသပိတ် silent strike ပြုလုပ်ကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုများက နှိုးဆော်နေကြသည်။ ထိုသို့နှိုးဆော်ပြီးနောက် တိတ်ဆိတ်ခြင်းသပိတ်တွင် ပါဝင်သူများအား ကြီးလေးသည့် ပြစ်ဒဏ်ဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်လာပါသည်။
ယခင်ပြုလုပ်ခဲ့သည့် တိတ်ဆိတ်ခြင်းသပိတ် ၂ ကြိမ်စလုံးတွင် ပြည်သူများ အပြည့်အဝပူးပေါင်းပါဝင်ခဲ့သဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း တိတ်ဆိတ်ခြင်းသပိတ်ကို ဘာကြောင့်ပြုလုပ်ရသလဲ၊ စစ်ကောင်စီ၏ ကြေညာချက်ကို ဘယ်လိုမြင်သလဲ စစ်အာဏာသိမ်းတစ်နှစ်ပြည့်အတွက် ပြည်သူများကို ပြောကြားမည့် သတင်းစကားများနှင့် ပတ်သက်ပြီး GSCB မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/XQpS80rN5bk]