အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်ဂုဏ်သိက္ခာထိပါးရေးသားမှု ၆၆ (ဃ) ဖြင့် တရားစွဲခံရသည့် ရဟန်းကို တရားရုံးကအာမခံပေး

တပ်မတော်ဂုဏ်သိက္ခာကျဆင်းအောင် Facebook တွင်ရေးသားသည်ဟု စွပ်စွဲခံရပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆() ဖြင့် အမှုဖွင့်ခံရသည့် ဆရာတော်ဦးသောဘိတအား မန္တလေးမြို့ အမရပူရ မြို့နယ်တရားရုံးက ယနေ့ အာမခံပေးလိုက်သည်။

၂၀၀၇ ရွှေဝါရောင် အရေးအခင်းတွင် ပါဝင်ခဲ့ပြီးအလင်္ကာကြယ်ဟုလည်း လူသိများသည့် ဦးသောဘိတအား အရေးယူပေးရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်သူ့စစ်မှ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၃ ရက်ကတည်းက အမရပူရ မြို့မရဲစခန်းကို တိုင်ကြားထားခြင်းဖြစ်သည်။

သက်တော် ၃၇ နှစ်အရွယ် ဘုန်းတော်ကြီးသည် သူ၏Facebook စာမျက်နှာတွင် ၂၀၁၈ စက်တင်ဘာ တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုရေးအဖွဲ့မှ မြတောင်ကျောင်းတိုက်အတွင်း ဆေးကုသနေမှုအားစေတနာတွေ မှန်ကန်ဖို့လိုတယ်ခေါင်းစဉ်ဖြင့် လူမှုကွန်ရက်တွင် ရေးသားဝေဖန်ခဲ့ခြင်းနှင့် ၂၀၁၈ စက်တင်ဘာ ၁၁ တွင်တပ်မတော်စွမ်းမှတိုင်းပြည်အေးချမ်းမည်ဆိုသည့် ဗီနိုင်းဆိုင်းဘုတ်၏ နောက်တွင် ခြေအတုတပ်ဆင်ထားသော စစ်မှုထမ်းဟောင်းပုံအားတင်ပြီးတပ်မတော်က မစွမ်းဘဲခိုးတော့ တိုင်းပြည် မွဲတာပေါ့ဟုရေးသားခြင်းတို့အတွက် တိုင်ကြားခံရခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၈ စက်တင်ဘာ ၁၆ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နို့စား နွားမွေးမြူရေးခြံ တစ်ခုအတွင်း မွေးမြူရေးလုပ်ငန်းများ စစ်ဆေးနေသည့်ပုံအားနွားခြံထဲ နွားဝင်နေသည်ဟုရေးသားခဲ့ကြောင်းလဲ တိုင်ကြားခံထားရသည်။

ဦးဇင်းရေးတာတွေဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုရင် တပ်မတော်ဟာ ဂုဏ်သိက္ခာရှိကြောင်း ခိုင်ခိုင်မာမာ အကြောင်းပြနိုင်ဖို့လိုတယ်လို့ ဦးဇင်းပြောချင်တယ်။ ဦးဇင်းတို့ကျောင်းတိုက်က ထုတ်တဲ့စာဟာလည်း ကျောင်းတိုက်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ဆိုတယ်။ တပ်မတော်ကိုဝေဖန်တာဟာ ဂုဏ်သိက္ခာထိခိုက်တာလဲ ဘယ်လိုအချက်တွေက ထိခိုက်တာလဲဟု ဆရာတော်ဦးသောဘိတက မိန့်သည်။

အဆိုပါအမှု မဖြစ်ခင်တွင် ဦးသောဘိတသည် မန္တလေးမြို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သီတင်းသုံးနေခြင်းဖြစ်ပြီး အမှုဖြစ်ပြီးနောက် ကျောင်းတိုက်က အပပြုနှင်ထုတ်ခဲ့သဖြင့် အမရပူရမြို့နယ် တောင်သမန် ဘဝအလင်းဆေးခန်းတွင် သီတင်းသုံးလျက်ရှိသည်။

ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် နှစ် အထိ ချမှတ်နိုင်သည့် အဆိုပါအမှုကို လာမည့် ဖေဖော်ဝါရီ ၂၈ တွင် ထပ်မံ ကြားနာမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

တပ်ဘက်က ၆၆ () ဖြင့် အမှုဖွင့်ထားသည့် ရွှေဝါရောင်ဆရာတော် အာမခံ ရရှိ

တပ်က ၆၆ ဖြင့် အမှုဖွင့်ထားသည့် ရွှေဝါရောင်သံဃာ ဦးသောဘိတနှင့်တွေ့ဆုံခြင်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button