အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်ဆေးရုံကြီးကို ကုစားပေးနိုင်ရန် အမတ်များ ဖိအားပေးမည်

(ရန်ကုန်) – ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းမှ ခွင့်ပြုချက်မဲ့ ပျံကျဈေးသည်များအရေး အမြန်ဆုံးဖြေရှင်းပေးရန် အစိုးရကို ဖိအားပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီက ယနေ့(ဇူလိုင် ၅)တွင် ပြောလိုက်သည်။

ရန်ကုန်မြို့လယ်ရှိ ခုတင်၂,ဝဝဝ ဆန့် ဆေးရုံအတွင်းမှ ပျံကျဈေးသည်အချို့သည် လူနာများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပြဿနာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး၊ ဆေးရုံတွင်း အမှိုက် စည်းကမ်းမဲ့ ပစ်ခြင်း၊ တရားမဝင်နေထိုင်ခြင်းနှင့် လောင်းကစားဝိုင်းများ ဝိုင်းဖွဲ့ခြင်း တို့ကြောင့် ထိန်းချုပ်၍မရနိုင်တော့ကြောင်း ဆေးရုံအုပ်ချုပ်ရေးဘက်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတင်းထောက်များကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် လွှတ်တော်ဘက်က ယင်းကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်။

လွှတ်တော်အမတ်များနှင့် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ပျံကျဈေးသည်များအရေးကို ယနေ့(ဇူလိုင် ၅) တွင် ဆွေးနွေးခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကော်မတီ တစ်ခုက ၎င်းတို့ဆောင်ရွက်မည့် အခြေအနေကို ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဈေးသည်တွေအရေး ဖြေရှင်းပေးဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့ စာကို အခုပဲ ရေးနေပါပြီ။ မနက်ဖြန် လွှတ်တော်ဥက္ကဋ္ဌဆီ တင်သွားမှာပါ” ဟု တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသာအောင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါဈေးသည်များအရေးနှင့် ပတ်သက်ပြီး လွန်ခဲ့သည့်လက ပထမအကြိမ် ဆွေးနွေးမှုများ ရှိခဲ့ပြီး တိုင်းအစိုးရက အဆိုပါပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့သေးသည်။

သို့သော် ဈေးသည်များအရေး ဖြေရှင်းနိုင်ခြင်း မရှိသေးသောကြောင့် တိုင်းအစိုးရအား အကြံပေးရေး၊ သက်ဆိုင်ရာဌာနများသို့ ဆက်လက် ညွှန်ကြားနိုင်ရေးအတွက် ထပ်မံ တိုက်တွန်းရ ခြင်းဖြစ်သည်ဟု ကော်မတီအတွင်းရေးမှူး၊ တောင်ဒဂုံ မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

ဆွေးနွေးပွဲတွင် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီအပြင် လသာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ ထွေအုပ်တို့မှ တာဝန်ရှိသူများလည်း ပါဝင်သည်ဟု သိရသည်။

“ဈေးသည်တွေအရေး ဘယ်လိုဖြေရှင်းမလဲ ဆိုတာနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာပါပဲ။ ကော်မတီကလည်း အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ ပြောတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ (ဆေးရုံအုပ်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်ကြီးက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles