အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ပဋိပက္ခကြားမှ အမြတ်ထုတ်သော ထိုင်းအစိုးရ၏ သံတမန်ရေးခြေလှမ်း

ထိုင်းအစိုးရက မင်းအောင်လှိုင်ကို ကော်ဇောနီခင်း အသိအမှတ်ပြု ဧည်ခံကြိုဆိုခဲ့ခြင်း၏ နောက်ကွယ်တွင် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးတွင် အဓိကနေရာ၌ရှိနေသော စွမ်းအင်လုံခြုံရေးအတွက် အိမ်နီးချင်းမြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ်ယူတင်သွင်းနိုင်ရေး ဖြစ်သည်။

တပြိုင်တည်းတွင် မင်းအောင်လှိုင်သည် ပြည်တွင်းစီးပွားရေးအကျပ်အတည်းဆိုက်နေပြီး၊ နိုင်ငံခြားဝင်ငွေ အလွန်လိုအပ်နေချိန်ဖြစ်သဖြင့် မြန်မာ့ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များ တွေ့ရှိထားသော်လည်း ဝယ်ယူမည့် သူမရှိ ဖြစ်နေချိန်၊ ထိုင်းနိုင်ငံသည် တစ်ခုတည်းသော ဖောက်သည်ဖြစ်နေသည်။

ထိုကြောင့် ခြုံငုံသုံးသပ်ရလျှင် ထိုင်းအစိုးရက မင်းအောင်လှိုင်ကို ဘန်ကောက်မြို့ အစိုးရအိမ်တော်သို့ ဖိတ်ခေါ် ၍ ကော်ဇောနီခင်း ကြိုဆိုဧည့်ခံခဲ့ခြင်းသည် မင်းအောင်လှိုင် လိုအပ်နေသော အသိအမှတ်ပြုမှုနှင့် ထိုင်းအစိုးရ လိုအပ်နေသော ပဋိပက္ခကြားမှ အကျိုးအမြတ်ကြီးမားသော မြန်မာ့သယံဇာတများကို လက်ဝါးကြီးအုပ်ခွင့်ရရှိရေးဆိုသည့် အပြန်အလှန်အကျိုးစီးပွားဖလှယ်ခြင်းမျှသာ ဖြစ်သည်။ ထိုအချင်းအရာကို ဝန်ကြီး ဆီဟာဆတ်က ၎င်း၏ “ပြန်လည်ချိန်ညှိ ထိတွေ့ဆက်ဆံရေး” သံတမန်ရေး လှည့်စားချက် အသုံးအနှုန်းများဖြင့် ဖုံးကွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button